Friday, October 12, 2012

ပနားမားတူးမြောင်းအတွင်း ကုန်တင်သင်္ဘောများ ကုန်ပစ္စည်းများ တင်ဆောင်ဖြတ်သန်းမှု စံချိန်သစ်တင်

Ever November | 10/12/2012 04:30:00 PM | Best Blogger Tips

ပနားမား တူးမြောင်းအတွင်း ၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သင်္ဘောများ၏ ကုန်ဖြတ်သန်းမှုမှာ တန်ချိန် ၃၃၃ ဒသမ ၇ သန်းရှိခဲ့ရာ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ပနားမားတူးမြောင်း အာဏာပိုင်များက အောက်တိုဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှဏ် စက်တင်ဘာ ၃၀ ရက်အထိ တစ်နှစ်တာ ဘဏ္ဍာရေးနှစ်အတွင်းက ဖြတ်သန်းခဲ့သည့် ကုန်တန်ချိန်ထက် ယခုနှစ်ဖြတ်သန်းမှု ကုန်တန်ချိန် ၁၁ ဒသမ ၆ သန်းရှိခဲ့ရာ တိုးမြင့်မှုမှာ ၃ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့သည်ဟု ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့က ပြောကြားသည်။ ပနားမားတူးမြောင်းအတွင်း ဖြတ်သန်းသည့် ကုန်တင်သင်္ဘောများတွင် ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကုန်တန်ချိန် အများဆုံး ဖြတ်သန်းခဲ့သော သင်္ဘောများအနက် ကွန်တိန်နာတင်သင်္ဘောများက ကုန်တန်ချိန် ၁၁၉ ဒသမ ၈ သန်း၊ အခြားကုန်တင်သင်္ဘောများက ကုန်တန်ချိန် ၈၃ ဒသမ ၃ သန်းနှင့် လောင်စာဆီတင် သင်္ဘောများက ကုန်တန်ချိန် ၅၁ ဒသမ ၆ သန်းတို့ဖြစ်ကြသည်။ ပနားမားတူးမြောင်းအတွင်းသို့ ပျမ်းမျှ ၂၅ ဒသမ ၆၆ နာရီလျှင် ကုန်သင်္ဘောတစ်စင်းနှုန်း ဖြတ်သန်းလျက်ရှိကြောင်း ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့သည် ၂၀၀၉ ခုနှစ်မှစတင်ကာ အမေရိကန်တို့ စီမံအုပ်ချုပ်မှုမှ ပနားမားတူးမြောင်းကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1