Thursday, October 25, 2012

အေဂျက်စ်အား ရှုံးခဲ့ခြင်းသည် မိမိ၏ အမှားဟု မန်စီနီ ဝန်ခံ

Ever November | 10/25/2012 02:44:00 PM | Best Blogger Tips
 နောက်တစ်ဆင့်တက်ရန် ခက်ခဲသွားပြီဟု ပြောကြားခဲ့သည့် မန်စီနီ

အေဂျက်စ် အမ်စတာဒမ်ကို အရေးနိမ့်ခဲ့သော ပွဲစဉ်သည် မိမိ၏ အမှားကြောင့်ဟု မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ဝန်ခံ ပြောကြားလိုက်သည်။
ထို့အပြင် လက်ရှိ အနေအထား အရ အင်္ဂလန် ချန်ပီယံ အသင်းသည် ချန်ပီယံလိဂ်တွင် နောက်တစ်ဆင့် တက်နိုင်ရေးအတွက် အံ့ဖွယ်သရဲ ကံကြမ္မာကောင်းမျိုး ကြုံကြိုက်လာမှ ဖြစ်နိုင်တော့မည်ဟုလည်း မန်စီနီက ဆိုသည်။ မန်စီးတီးသည် နယ်သာလန်မြေတွင် အိမ်ရှင် အေဂျက်စ်အား (၃-၁)ဖြင့် အရေးနိမ့်ခဲ့သည့်နောက် မရဏအုပ်စုဖြစ်သော အုပ်စု(D)တွင် (၁)မှတ်သာ ရသေးသည်။ ထို့ကြောင့် အေဂျက်စ်အပြင် ရီးယဲလ်မက်ဒရစ်နှင့် ဘိုရပ်ရှား ဒေါ့တ်မန်တို့ပါ ပါဝင်နေသော အုပ်စုမှ လွတ်မြောက်ရေးသည် အလွန် ကျပ်တည်းလာပြီ ဖြစ်သည်။
မန်စီနီက "ခုအရှုံးအတွက် ကျွန်တော်ပဲ အပြည့်အဝ တာဝန်ယူရမှာပါ။ ဒီပွဲအတွက် ကျွန်တော် သီးခြား ပြင်ဆင်မှုမျိုး မလုပ်ခဲ့ပါဘူး"ဟု ဆိုသည်။ ၎င်းက "ကျွန်တော်တို့ အနေနဲ့ ခုထက် ပိုကြိုးစားဖို့ လိုအပ်ပါတယ်။ အသင်းရဲ့ ကစားပုံကို ကျွန်တော် မဝေဖန်လိုပါဘူး။ ဒါပေမဲ့ အေဂျက်စ်ရဲ့ ဒုတိယဂိုးမှာ ဘာဖြစ်လို့ လက်စ်ကော့တ် မခုန်ခဲ့တာလဲဆိုတာ ကျွန်တော် မသိဘူး။ ခုမှတော့ ကျွန်တော့်ကိုပဲ အပြစ်တင်ပါ။ ကျွန်တော်က အသင်းရဲ့ မန်နေဂျာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ငွေကြေး သန်းပေါင်းများစွာ မြှုပ်နှံခဲ့ပါတယ်။ အေဂျက်စ်ကတော့ အရာအားလုံးကို မြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။ ခုအခြေအနေမှာတော့ နောက်တစ်ဆင့် တက်ဖို့ဆိုတာ အံ့ဩလောက်စရာ ကံကြမ္မာ အထောက်အပံ့မျိုးကို မျှော်လင့်ရဖို့ပဲ ရှိတော့တယ်"ဟုလည်း ပြောကြားသွားခဲ့သည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1