Friday, October 12, 2012

ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ

Ever November | 10/12/2012 04:36:00 PM | Best Blogger Tips
အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်၊ ဂယာမြို့က မဟာဗောဓိ စေတီတော်

အိန္ဒိယနိုင်ငံဘီဟားပြည်နယ်ဂယာမြို့ကမဟာဗောဓိ စေတီတော်အပါအ၀င်အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ ဖောက်ခွဲရေးတွေလုပ်ဖို့ကြံစည်နေတဲ့အိန္ဒိယမူဂျာဟစ်ဒင်အဖွဲ့ဝင်၃ ယောက်ကို ဖော်ထုတ် ဖမ်းဆီးလိုက်တယ်လို့ ဒေလီရဲပြောပါတယ်။

မကြာခင် ရောက်လာတော့မယ့် ဟိန္ဒူဘာသာဝင်တွေရဲ့ ဒေ၀ါလီပွဲတော်အတွင်း မြို့တော် နယူးဒေလီရဲ့ အထင်ကရနေရာ၊ ဘာသာရေး အဆောက်အဦတွေ၊ လူစည်ကားမယ့်နေရာတွေမှာ ဖောက်ခွဲရေးတွေ လုပ်ဖို့ စီစဉ်ထားတဲ့အကြောင်း၊ နိုင်ငံတကာက ဗုဒ္ဓဘာသာဝင် ဘုရားဖူးတွေ အများစု လာကြတဲ့ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ ဂယာက မဟာဗောဓိ စေတီတော် ပရ၀ုဏ်အတွင်း အပါအ၀င် တခြား သာသနိက အဆောက်အဦနေရာတွေမှာလည်း ဖောက်ခွဲရေးတွေ လုပ်ဖို့ စီစဉ်ထားတဲ့အကြောင်းကို တရားခံ ၃ ယောက်က ဖြောင့်ချက်ပေးဝန်ခံခဲ့တယ်လို့မနေ့ညနေကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဒေလီရဲမှူးက
 ပြောပါတယ်။ 

ဘီဟားပြည်နယ်ရဲတပ်ဖွဲ့ကို ဒီကိစ္စ အကြောင်းကြားထားပြီး ဂယာကမဟာဗောဓိ စေတီတော်ဝင်းအတွင်းမှာ လုံခြုံရေးအထူးချထားကြောင်း၊ အခု ဖမ်းမိထားတဲ့ တရားခံတွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေကိုလည်း ဆက်လက်ရှာဖွေ ဖော်ထုတ်နေတယ်လို့ ရဲက ပြောပါတယ်။ 

တရားခံ ၃ ယောက်ဖြစ်တဲ့ အာဆက်ဒ်ခန်း (၃၃) နှစ်၊ အီမ်ရ်မ်ခန်း (၃၁) နှစ် နဲ့ ဖီရော့ဇ် ခေါ် ဟမ်ဇ (၃၈) နှစ် တို့ကို ရဲက စစ်ဆေးတဲ့အချိန်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့တုန်းက အိန္ဒိယတောင်ပိုင်း ပူနေးမြို့ ဗုံးပေါက်ကွဲမှုတွေမှာလည်း ပါဝင်ခဲ့တဲ့အကြောင်း၊ သူတို့ဟာ အိန္ဒိယ မူဂျာဟစ်ဒင်ခေါင်းဆောင် ရာစင်ဘာတ်ခါလ်တို့ ညီအစ်ကိုရဲ့ ညွှန်ကြားမှုနဲ့ အကြမ်းဖက်မှုတွေ လုပ်ဖို့ စီစဉ်ထားတာဖြစ်တဲ့အကြောင်း တရားခံတွေက ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီ၃ ယောက်ဟာပူနေးတရားရုံးချုပ်နဲ့မဟာရာစတာ ပြည်နယ်ကရာဝါဒါဗဟိုအကျဉ်းထောင်တွေကို ဖောက်ခွဲဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် အစီအစဉ် ပျက်သွားခဲ့တယ်လို့လည်း ရဲက ဆိုပါတယ်။ 
Irrawaddy 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1