Wednesday, October 24, 2012

ဝဲလ်ကော့တ် စာချုပ်ကိစ္စ အခြေအနေ မထူးသေးဟု ဝင်းဂါး ဖွင့်ဟ

Ever November | 10/24/2012 12:11:00 PM | Best Blogger Tips
စာချုပ်သစ်အတွက် မသေချာသေးသည့် ၀ဲလ်ကော့တ်

သီအိုဝဲလ်ကော့တ်၏ စာချုပ်သစ် ကိစ္စနှင့် ပတ်သက်၍ ထူးခြားမှု မရှိသေးကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ထုတ်ဖော် ပြောကြားလိုက်သည်။
ပြင်သစ်သား မန်နေဂျာကြီးသည် အင်္ဂလန် လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးအား အမ်းမရိတ်စ်တွင် ဆက်လက် ထိန်းသိမ်း ထားလိုသော်လည်း ဝဲလ်ကော့တ်က အသင်း၏ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားဆဲ ဖြစ်သည်။ အသက်(၂၃)နှစ်ရှိ ဝဲလ်ကော့တ်သည် ရာသီကုန်တွင် အာဆင်နယ်နှင့် စာချုပ်သက်တမ်း ပြီးဆုံးမည် ဖြစ်ရာ အာဆင်နယ်သည် သက်တမ်းတိုးရေး အဆင်မပြေပါက ၎င်းကို ဇန်နဝါရီလတွင် ရောင်းထုတ်ရရန် ဖိအား တစ်ရပ်နှင့် ရင်ဆိုင်နေရသည်။
ဝင်းဂါးက "ကျွန်တော့် စိတ်ကူးကတော့ အမြဲတမ်း မပြောင်းလဲပါဘူး။ ဝဲလ်ကော့တ်ကို သက်တမ်း တိုးနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ့ကို တခြားကလပ်တွေကလည်း စိတ်ဝင်စားကောင်း စိတ်ဝင်စားမှာပါ။ ဒါပေမဲ့ ကျွန်တော့် အတွေးကတော့ တူတူပါပဲ။ ခုလောလောဆယ် ဒီထက် ပြောနိုင်တာ ဘာမှ မရှိပါဘူး" ဟု ပြောဆိုခဲ့သည်။ ဝဲလ်ကော့တ်သည် အဲလက်စ်အိုလိဒ် ချိန်ဘာလိန် ဒဏ်ရာရနေခြင်းကြောင့် စနေနေ့တွင် ကစားမည့် QPR နှင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပွဲထွက်ဖွယ် ရှိနေသည်။

ဝဲလ်ကော့တ် ကိုယ်တိုင်မှာလည်း ဒဏ်ရာပြဿနာ ကြုံခဲ့သော်လည်း လက်ရှိတွင်မူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည်။ ဝင်းဂါးက "သတင်းကောင်းကတော့ ဝဲလ်ကော့တ်ဟာ အပြေးလေ့ကျင့်နေပါပြီ။ အခြေအနေလည်း ကောင်းပါတယ်။ ရက်ပိုင်းအတွင်း သူပြန်ပြီး ကစားနိုင်မှာပါ"ဟု ပြောကြားသွားသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1