Sunday, October 14, 2012

ဆက်သွယ်ရေးပိုင် မြန်မာတယ်လီကွန်း ကုမ္ပဏီ အများပိုင်ဖွဲ့ရန် အစီအစဉ်ရှိ

Ever November | 10/14/2012 06:11:00 PM | Best Blogger Tips

၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် ဆက်သွယ်ရေးပိုင် မြန်မာတယ်လီကွန်းကို အများပိုင်  ကုမ္ပဏီ ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပြီးဆက်သွယ်ရေး ကော်ပို ရေးရှင်း ဖွဲ့စည်း၍ မြန်မာ တယ်လီကွန်း အမည်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများ နှင့်အပြိုင် ဖုန်းများ ရောင်းချသွား မည်ဟု ထုတ်ပြန်ထားသည်။ ”စတော့ရှယ်ယာ ဈေးကွက် ပေါ်ပေါက်လာတဲ့ အချိန်နဲ့ တယ်လီ ကွန်းကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် စက် ပစ္စည်း ဝယ်ယူသုံးစွဲနိုင်တဲ့ အချိန်ကျ ရင်တော့ မြန်မာတယ်လီကွန်း ကို ရှယ်ယာတွေ ထုတ်ရောင်းပြီး အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ သွားမှာပါ။
အကြမ်းဖျင်းတော့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ ပြောင်းလဲ မယ်လို့ မှန်းထားပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာ တယ်လီ ကွန်း ကုမ္ပဏီအတွက် လူရွေးချယ် မှုများ ပြုလုပ်ရန် ဆွေးနွေး လျက် ရှိပြီး အပြီးသတ် လူရွေးချယ်မှုကို မကြာမီ ပြုလုပ် သွားမည်ဖြစ် ကြောင်း၊ လူရွေးချယ်ရာတွင်လည်း လုပ်နိုင်ကိုင်နိုင်သည့် လူငယ်များ ကိုသာ ဦးစားပေး ရွေးချယ်သွား မည် ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောသည်။ ”လူရွေးချယ်တာတွေ၊ လူဦး ရေ ဘယ်လောက်သုံးမလဲ ဆိုတာ အချိန်ယူပြီး ရွေးသွားရမှာပါ။ တချို့သက်ကြီးပိုင်းတွေ ပင်စင် ပေး ရမှာ ရှိသေးတယ်။ ဒါကြောင့် စိစစ်နေတာပါ။
နောက်နှစ် ဖုန်းတွေ ရောင်းချ ရမှာ ရှိတဲ့အတွက် အမြန်ဆုံးတော့ လူရွေးချယ်မှု ပြုလုပ် သွားမှာပါ” ဟု ၄င်းက ဆက်ပြောသည်။ မြန်မာတယ်လီကွန်း ကုမ္ပဏီသည် လာမည့်နှစ်တွင် ပုဂ္ဂလိက ကုမ္ပဏီနှင့် အပြိုင် မိုဘိုင်းဖုန်း ၄ သန်း ထုတ်လုပ်ရောင်းချမည် ဖြစ် ပြီး ဖုန်းထုတ်လုပ်ရောင်းချရာ တွင်လည်း နိုင်ငံတော်ပိုင် စက် ပစ္စည်းများကို သုံးစွဲမည်ဖြစ်၍ လတ်တလောအနေဖြင့် ကုမ္ပဏီ ပိုင်ရှယ်ယာများ ထုတ် ရောင်းသွား မည်မဟုတ်ကြောင်း ဆက် သွယ်ရေးမှ ထုတ်ပြန် ထားသည်။ မြန်မာတယ်လီကွန်းရှယ်ယာ များအား အများပြည်သူသို့ ပြန် လည်ရောင်းချပေးသင့်ကြောင်း နိုင်ငံတော်သမ္မတ၏ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကို ကိုလှိုင်ကလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အား အကြံပေးပြော ကြားထားသည်။ 
Popular News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1