Wednesday, October 17, 2012

လွယ်လွယ်နဲ့ မျက်ရည် မကျတတ်သူ ရွှေမှုန်ရတီ

Ever November | 10/17/2012 02:15:00 PM | Best Blogger Tips

ရွှေမှုန်ရတီက ‘လမ်းပိတ်နေသည်၊ ဆက်သွယ်လို့ မရသေးပါ’ ဇာတ်ကား ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)နဲ့ ရိုက်ကူးနေပါ တယ်။ ဇာတ် ကားတွေ လည်း ရိုက် ကူးရင်း ပရိသတ်တွေရဲ့တောင်း ဆိုမှုတွေကြောင့်ေ ဖျာ်ဖြေရေးနဲ့ သီချင်းဆို ဖို့လည်းရှိတယ် လို့ရွှေမှုန်ရတီ က ဆိုပါတယ်။ “သ ရုပ်ဆောင်စလုပ်လုပ်ချင်း ၄၊ ၅ လလောက် က ရေးမြို့နဲ့၊ ကူမဲမြို့တွေမှာ ဆက်တိုက်ဖျော်ဖြေရေးသွားဖြစ်တယ်။ ပရိသတ်တွေက ကိုယ့်ကို ဆို ဖို့တောင်း ဆိုကြတော့ မကောင်းတဲ့ အသံနဲ့ပဲ ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီးဖျော်ဖြေတယ်။ တအား လည်း ဝမ်းသာ ပါတယ် ။ ရွှေမှုန် ဘယ်ေ လာက် ပဲပင်ပန်းပါစေ ပရိသတ်တွေက အားပေးတဲ့ အတွက် ကျေးဇူး လည်း တင်တယ်။ အသံက လည်း သိပ်မကောင်း ဘူး၊ အသက် ကလည်း ငယ်သေးတော့ ကလေးသံ ကလည်း မပျောက်သေး ဘူးလေ။ သီချင်း ကိုသေသေချာချာလုပ်ဖြစ် ဖို့ကေ တာ့ လောလောဆယ် မရှိသေးပါဘူး ။ရွှေမှုန် လို ချင်တဲ့ ပန်းတိုင် မရောက် သေးဘူး”လို့ဖျော်ဖြေရေးနဲ့ ပတ် သက်ပြီး ပြောပြပါတယ်။ ဇာတ်ကား ရိုက်ကူးတဲ့ အချိန်မှာလည်း အခုချိန် အထိ အခက် အခဲတွေလည်းရှိသလို ဆရာတွေသင်ပေးတဲ့အပေါ်မှာလည်း လိုက်ပြီး ပညာတွေ သင်ယူနေတယ် လို့ဆိုတဲ့ ရွှေမှုန်ရတီ က”ပညာရည် လည်း မပြည့်ဝသေးတော့ ကားရိုက် တဲ့အချိန်မှာ မု(ဒ်)ရအောင် အကုန် လုံး က သင်ပေးကြတယ်။ လူ ဆိုတာ အခက် အခဲတွေတော့ ရှိ တာပေါ့။ အသစ် တစ်ယောက်လည်း ဖြစ်တယ်။ ကိုယ့်ကြောင့် အချိန်နှောင့်နှေး သွားတာ လည်းရှိရင် ပရိုဂျူဆာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ စက် အ ဖွဲ့တွေ အကုန်လုံး ကို တောင်းပန်ပါတယ်။ ရွှေမှုန်က တော်ရုံနဲ့ မျက်ရည်လွယ် လွယ်မကျ တတ် ဘူး။ဘေးကနေပြောလို့ ထိသွားမှ မျက်ရည် ကျတာ ။မု(ဒ်) ဝင်သွားရင်တော့ မျက်ရည်ကျတယ်။ ဒါပေမဲ့ တအား အကြောတင်း တယ်။ အဲဒါကြောင့် ဆရာတွေ ကရွှေမှုန့်ကို အသည်းမာ တယ်လို့  ပြောကြ တယ်”လို့ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1