Wednesday, October 17, 2012

ဘင်တို - ပေါ်တူဂီအသင်းက ဘရာဇီးကို ရောက်နိုင်ပါတယ်

Ever November | 10/17/2012 03:28:00 PM | Best Blogger Tips
ခြေစစ်ပွဲအောင်မြင်နိုင်သည်ဟု ယုံကြည်နေသည့် ဘင်တို
မြောက်အိုင်ယာလန် အသင်းနှင့် ပွဲစဉ်တွင် သရေတစ်မှတ်သာ ရယူနိုင်ခဲ့သော်လည်း ပေါ်တူဂီ အသင်း၏နည်းပြ ဖြစ်သူ ဘင်တိုမှ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေကြောင်း ဖွင့်ဟပြောဆို ခဲ့သည်။
ပေါ်တူဂီ အသင်းသည် အဆိုပါ ပွဲစဉ်တွင် မြောက်အိုင်ယာလန် အသင်း၏ ဦးဆောင်ခြင်းကို ခံခဲ့ရပြီး ပိုစတင်ဂါ၏ ချေပဂိုးကြောင့်သာ သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပေါ်တူဂီ အသင်းသည် ခြေစစ်ပွဲ (၄)ပွဲ ကစားပြီးချိန်တွင် (၇)မှတ်သာ ရယူနိုင်ခဲ့ပြီး ရုရှား နှင့် အစ္စရေးအသင်းတို့၏နောက် တတိယ နေရာတွင်သာ ရပ်တည်နေသည့် အသင်းဖြစ်သည်။
“ကျွန်တော်တို့ အသင်း (၂၀၁၄)မှာ ဘရာဇီးနိုင်ငံကို ရောက်နေမယ်လို့ ယုံကြည်နေဆဲပါပဲ။ ခုအခြေအနေက ကျွန်တော်တို့ပေါ် မူတည်နေပါတယ်။ ရှုံးထွက်အဆင့်ကနေ နောက်တစ်ဆင့် တက်နိုင်သလို ပထမနေရာကို ရောက်ဖို့လည်း အချိန်အကြာကြီး စောင့်ရမှာမဟုတ်ပါဘူး”ဟု ဘင်တိုမှ RTPသို့ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1