Thursday, October 25, 2012

မီးပုံပျံပွဲအတွက် ပြင်ဆင်နေတဲ့ တောင်ကြီးမှာ မီးလောင်

Ever November | 10/25/2012 03:45:00 PM | Best Blogger Tips

ယနေ့ နံနက် ၉း၃၀ခန့်က တောင်ကြီးမြို့ စ၀်စံထွန်းရပ်၊ ဆေးရုံဝင်း ၀န်ထမ်း အိမ်တန်းလျားတွင် မီးပုံးပျံအတွက် ယမ်းစပ်ခြင်း ပြုလုပ်နေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သွပ်မိုးပျဉ်ကာ ၀န်ထမ်းတန်းလျား (၂)လုံး  နှင့် ဘေးမှ အုတ်စီ အဖီခန်းတစ်ခုလည်း လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲဝင်ရန် ၀န်ထမ်းအိမ်တန်းလျားရှိ ဦးကျော်သီဟ နေအိမ်တွင် ယမ်းစပ်ခဲ့ကြကြောင်း၊ ထိုသို့ပြုလုပ်နေစဉ် ယမ်းပုံပေါ်သို့ အိမ်အပြင်မှ မီးရှုးတစ်ခု ကျရောက်ကာ မီး စတင် လောင်ကျွမ်းခဲ့ကြောင်း ဦးကျော်သီဟ၏ နှမဖြစ်သူ မငယ်ငယ်ထွေး၏ ပြောပြချက်အရ သိရသည်။ 

ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ခြင်း မပြုနိုင်သေးကြောင်း၊ စုဆောင်းထားသည့် ငွေ နှစ်သိန်းခန့် မီးထဲ ပါသွားကြောင်း သူက ဆက်ပြောသည်။
တောင်ကြီးမြို့ မီးသတ်စခန်းမှ ကား (၂) စီး၊ ရွှေညောင်မြို့မှ(၁)စီး၊ အေးသာယာမြို့သစ်မှ (၁) စီး သွားရောက် ငြိမ်းသတ်ခဲ့သည်။

နံနက် (၁၀း၃၀) တွင် မီးညွန့်ကျိုးခဲ့ကြောင်း အေးသာယာမီးတပ်တပ်ဖွဲ့မှ ကိုကျော်စိုးမိုး၏ ပြောပြချက်အရ သိရသည်။ 

ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း လုပ်အားပေးနေသည့် ကြက်ခြေနီအဖွဲ့က ပြောကြားသည်။  

 မြို့နယ်အုပ်ချုပ်ရေအဖွဲ့၊ အမှတ်(၂) ရဲစခန်း၊ မီးသတ်ဦးစီးဌာနတို့က မီးလောင်ကျွမ်းမှု ဖြစ်စဉ်၊  ဆုံးရှုံးသွားသော ငွေကြေးပမာဏတို့ကို တွက်ချက်၊ စစ်ဆေးလျက်ရှိကြောင်း၊ လောလောဆယ် အမှုတွဲအမှတ် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိသူတဦးက ပြောသည်။ 

တောင်ကြီးတန်ဆောင်တိုင် မိးပုံးပျံပြိုင်ပွဲ အတွက်ယမ်းစပ်ခြင်းများပြုလုပ်ရာမှ မိးလောင်ကျွမ်းမှု နှစ်စဉ် ဖြစ်ပေါ်နေကြောင်း၊ အလွန် အန္တရာယ်များကြောင်း မြို့ခံတဦးက သုံးသပ်ပြောကြားခဲ့သည်။  

irrawaddy blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1