Tuesday, October 23, 2012

ဒီမက်တီယိုသည် ပြီးပြည့်စုံသော မန်နေဂျာဟု မာတာချီးကျူး

Ever November | 10/23/2012 04:09:00 PM | Best Blogger Tips
ချယ်လ်ဆီးတွင် ခြေစွမ်းပြနေသည့် မာတာ

ချယ်လ်ဆီး တောင်ပံ တိုက်စစ်မှူး ဟွမ်မာတာ လက်ရှိ မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုသည် အလုံးစုံ ပြည့်စုံသော မန်နေဂျာကောင်း တစ်ယောက်ဟု ချီးကျူး ပြောကြားလိုက်သည်။
စပိန် လက်ရွေးစင် Playmakerက ချယ်လ်ဆီးအား ယာယီ မန်နေဂျာ ဘဝတွင် ချန်ပီယံလိဂ် ဆုဖလား ရယူပေးခဲ့ပြီးနောက် အမြဲတမ်း မန်နေဂျာ ဖြစ်လာသော အီတလီသား၏ အသင်းအပေါ် စီမံ ကိုင်တွယ်မှု စွမ်းရည်များအား လေးစားမိကြောင်း ပြောဆိုခဲ့သည်။ အသက်(၂၄)နှစ်ရှိ မာတာသည် ချယ်လ်ဆီးအသင်း နောက်ဆုံး ကစားသော ပရီးမီးယားလိဂ် ပွဲစဉ်တွင် တော့တင်ဟမ် ဟော့စပါးအား (၄-၂)ဖြင့် အဝေးကွင်း၌ အနိုင်ရခဲ့စဉ် ကိုယ်တိုင် (၂)ဂိုး သွင်းယူကာ (၁)ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့သည်။ 
မာတာက "ဒီမက်တီယိုဟာ အသင်းရဲ့ စုဖွဲ့မှု၊ ကလပ်ရဲ့ အခြေအနေတွေကို ကောင်းကောင်း သိသူပါ။ သူဟာ ချယ်လ်ဆီးမှာ ဂန္ထဝင် တစ်ယောက် ဘဝနဲ့ အသားကျခဲ့ပြီးပါပြီ။ မန်နေဂျာ တစ်ယောက် ဖြစ်လာတော့လည်း အသင်းနဲ့ အကောင်းဆုံး ဆက်နွယ်နိုင်သူ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်းစီနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်လေ့ရှိပြီး ဒီအချက်က ပြိုင်ပွဲတိုင်းအတွက် အသင်းကို အဆင်သင့် ဖြစ်လာစေပါတယ်။ နောက်ပြီး ပွဲအခြေအနေအလိုက် ဘယ်ပြိုင်ပွဲကို ဘယ်လို ကစားသင့်မှန်း ကောင်းကောင်းသိတယ်။ မနှစ်က ချန်ပီယံလိဂ် ဖလားကို ကျွန်တော်တို့ ရခဲ့သလိုပေါ့။ သူဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ မန်နေဂျာမျိုးပါ"ဟု အလေးအနက် ချီးကျူးသွားခဲ့သည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1