Thursday, October 25, 2012

ဝဲလ်ကော့တ်ကို ဇန်နဝါရီလတွင် အာဆင်နယ် ရောင်းထုတ်ရဖွယ် ရှိနေ

Ever November | 10/25/2012 03:02:00 PM | Best Blogger Tips
အာဆင်နယ်မှ ရောင်းထုတ်ဖွယ် ရှိသသည့် ၀ဲလ်ကော့တ်

အာဆင်နယ် အသင်းသည် သီအိုဝဲလ်ကော့တ်ကို စာချုပ်သစ် ချုပ်ဆိုတော့မည် မဟုတ်သဖြင့် ဇန်နဝါရီ ဈေးကွက်ကာလတွင် ထုတ်ရောင်းသွားဖွယ် ရှိနေကြောင်း သိရသည်။
အာဆင်နယ်သည် ကာလရှည်ကြာ သက်တမ်းတိုး စာချုပ်ကိစ္စ ဆွေးနွေးခဲ့ပြီးနောက် အောင်မြင်မှု မရသည့်အတွက် အသက်(၂၃)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် တောင်ပံလူကို ရောင်းထုတ်ရန် စီစဉ်လာခြင်း ဖြစ်သည်။ ဝဲလ်ကော့တ်၏ စာချုပ်သည် နွေရာသီတွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ရာ လန်ဒန် ကလပ်အနေဖြင့် အလွတ်ဈေးဖြင့် လက်လွှတ်မခံရစေရန် ကြိုတင် ရောင်းချသွားဖွယ် ရှိနေသည်။ အာဆင်နယ်မှ တာဝန်ရှိသူများသည် ဝဲလ်ကော့တ်၏ စာချုပ်ကိစ္စကို လက်လျှော့လိုက်ပြီးနောက် ပထမအသင်းမှ အခြား ကစားသမားများကို သက်တမ်းတိုး စာချုပ်ရန် စတင် လုပ်ဆောင်နေကြောင်း သတင်းများက ဆိုသည်။
အဲလက်စ်အိုလိဒ် ချိန်ဘာလိန်၊ ကီရန်ဂစ်ဘ်နှင့် အီမန်နျူရယ်လ် ဖရင်ပေါင်တို့သည် အသင်းထံမှ စာချုပ်သက်တမ်း တိုးမြှင့် ကမ်းလှမ်းမှုများကို ရရှိထားပြီး ဆွေးနွေးဆဲ ဖြစ်သည်။ အာဆင်နယ်သည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၇၅၀၀၀)ဖြင့် ဝဲလ်ကော့တ်အား (၅)နှစ် သက်တမ်းတိုး စာချုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ကစားသမားက တစ်ပတ် ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင် တောင်းဆိုနေသည့် အတွက် အဆင် မပြေခဲ့ချေ။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ဝဲလ်ကော့တ်အား ဆက်လက် ထိန်းသိမ်းထားလိုကြောင်း ပြောဆိုထားသော်လည်း လက်ရှိ အနေအထား အရမူ ဇန်နဝါရီလတွင် မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
soccer myanmar 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1