Wednesday, October 31, 2012

ဖယ်လ်ကာအို၏ စာချုပ် သက်တမ်းကို တိုးမြှင့်ရန် အက်သလက်တီကို လုပ်ဆောင်နေ

Ever November | 10/31/2012 11:35:00 AM | Best Blogger Tips
အက်သလက်တီကိုတွင် ဆက်ရှိနေဖွယ် ရှိသည့် ဖယ်လ်ကာအို

အက်သလက်တီကို မက်ဒရစ် အသင်းသည် ၎င်းတို့၏ အဓိက ကစားသမား ရာဒါမယ်လ် ဖယ်လ်ကာအိုအား စာချုပ် သက်တမ်းတိုး ချုပ်ဆိုရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။
ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီး အသင်းများသည် ကိုလံဘီယာ လက်ရွေးစင်ကို ပေါင်စတာလင် (၄၆)သန်းဖြင့် ကမ်းလှမ်းမည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် အက်သလက်တီကို ၎င်းတို့၏ တိုက်စစ်မှူးအား ထိန်းသိမ်းသွားရန် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ ဖယ်လ်ကာအိုသည် ဆောင်းရာသီ ဈေးကွက် အတွင်းတွင်ပင် အင်္ဂလန် ထိပ်တန်း ကလပ်များ၏ ကမ်းလှမ်းမှုကို ခံရဖွယ် ရှိနေသည်။ သို့သော်လည်း အက်သလက်တီကိုက ကစားသမားအား ရောင်းချ ရသည့်တိုင် နွေရာသီမှ လက်လွှတ်ခံရန် ဆန္ဒ ရှိနေသည်။
ထို့ကြောင့်လည်း ဖယ်လ်ကာအိုအား ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် လက်ရှိစာချုပ်ကို တိုးမြှင့်သွားရန် စပိန်ကလပ်က လိုလားနေခြင်း ဖြစ်သည်။ ဖယ်လ်ကာအိုသည် (၂၀၁၁)ခုနှစ်၊ နွေရာသီကမှ ဗင်းဆင့် ကယ်လ်ဒါရွန် ကွင်းကြီးသို့ ရောက်ရှိလာခဲ့ပြီး (၂၀၁၆)ထိ စာချုပ်သက်တမ်း ရှိနေသည်။ ကလပ်အသင်းသည် ၎င်း၏ စာချုပ်တွင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၄၆)သန်း ပေးချေပါက ထွက်ခွာခွင့် ပေးမည်ဟု သဘော တူညီထားသည်။ ဖယ်လ်ကာအို ကိုယ်တိုင်ကမူ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ယတိပြတ် မည်သည့် အရာမျှ မပြောနိုင်သေးဟု ဆိုသည်။
"ကျွန်တော် ဒီမှာ ပျော်နေသလို လက်ရှိ အနေအထားကို ကျေနပ်ပါတယ်။ ထွက်ခွာဖို့ မစဉ်းစားသေးပါဘူး။ ဒီတစ်ရာသီလုံး အသင်းမှာ ဆက်ကစားဖြစ်ဖို့နဲ့ အားလုံး အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ အသင်းပြောင်းဖို့ ဆိုတာကတော့ အချက်အလက် အများကြီးပေါ် တည်မှီနေတာပါ။ ကလပ်ရဲ့ စီးပွားရေး၊ ချန်ပီယံလိဂ် ဝင်ခွင့်လို ကိစ္စတွေပေါ့။ လောလောဆယ်တော့ ဘာမှ အပြတ်မပြောနိုင်သေးပါဘူး"ဟု ဖယ်လ်ကာအိုက ပြောကြားသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1