Thursday, October 25, 2012

ကျောက်ဖြူမှ မွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး

Ever November | 10/25/2012 03:00:00 PM | Best Blogger Tips

ကျောက်ဖြူမြို့တွင် ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် မွတ်ဆလင် မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေးသည်ကို ကိုယ်တိုင်သွားကြည့်ခဲ့သူ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ စုစုပေါင်း အစီးလေးဆယ်ကျော်နဲ့ ထွက်ပြေး တာပါ။ အခုဘဲ ထွက်ပြေးတာပါ။ ကျွန်တော်ထင်တယ် ပင်လယ်ပြင်ကို ဖြတ်ပြီး မောင်းတော့ ဘင်္ဂလာဒေခ်ျ့ အုန်းကျွန်းဘက်ကို ရောက်နိုင်တယ်။ မဟုတ်ရင် စစ်တွေ ဆံတော်ရှင် ကျွန်းဘက်ကို ရောက်သွားနိုင်ပါတယ်” ဟု သူက ပြောသည်။
အများစု မွတ်ဆလင် မိသားစုများမှာ ထွက်ပြေးသွားကြပြီး အနည်းစုသာ ကျန်နေခဲ့သည်ဟု သူက ပြောသည်။
“ အခုက ပိုက်ဆိပ်က မွတ်ဆလင်တွေ အများစု ထွက်ပြေးသွားတာပါ။ အနည်းစုက အိမ်ခြေ ၅၀၊ ၆၀ က လူတွေလောက်ဘဲ ကျန်နေခဲ့တယ်။ အာဏာပိုင်တွေကတော့ ဘာမှ လိုက်တားတာကို မတွေ့ရဘူး” ဟု သူက ဆိုသည်။
ယမန်နေ့က ကျောက်ဖြူတွင် ရခိုင်နှင့် မွတ်လင်များ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး အိမ်ခြေ ရာချီ၍ မီးရှို့ခံခဲ့ရကာ သေဆုံးမူများလည်း ရှိခဲ့ကြောင်း သိရသည်။
“ မွတ်ဆလင်တွေ ဘက်ကရော၊ ရခိုင်တွေဘက်က သေပါတယ်။ ဒဏ်ရာရတဲ့ သူတွေကလည်း  အများအပြား ရှိပါတယ်။ အခု ကျွန်တော် စာရင်းယူဖို့ ဆေးရုံကို သွားနေပါတယ်” ဟု ဆိုသည်။
နိရဉ္စရာ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1