Wednesday, October 17, 2012

ယနေ့ မန္တလေးမြို့တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် လူတစ်ဦးသေဆုံး

Ever November | 10/17/2012 02:03:00 PM | Best Blogger Tips

ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ဘောလုံးအကယ်ဒမီ ကျောင်းအနီး ၇၂လမ်းနှင့် ငုဝါလမ်းထောင့်တွင်လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
 
အသက်(၄၄)နှစ်အရွယ်အမျိုးသားတစ်ဦးငုဝါလမ်းမှလမ်းပြုပြင်နေသော၇၂လမ်းသို့ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာဦးခေါင်းမှာလမ်းလုပ်ငန်းဆောင်ရွက်နေသောလမ်းကြိတ်စက် နောက်ဘီးအောက်သို့
ရောက်သွားခဲ့သည်။ မျက်နှာကိုလမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီး၎င်းအမျိုးသားခန္ဓာကိုယ်ကိုချမ်းမြသုခနာမှုကူညီရေးအသင်းက
သယ်ဆောင်သွားခဲ့သည်။ 
ဓာတ်ပုံ-ညီညီဇော်
7Day News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1