Wednesday, October 17, 2012

အာရှနှင့် ဥရောပတိုက်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

Ever November | 10/17/2012 03:26:00 PM | Best Blogger Tips

ဒသမအကြိမ် အာရှ-ဥရောပ ဘဏ္ဍာရေးဝန်ကြီးများ၏ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်၌ အောက်တိုဘာ ၁၅ ရက်တွင် ဖွင့်လှစ်လိုက်သည်။ အာရှနှင့် ဥရောပတိုက်တို့အကြား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ပြောကြားသည်။ “ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရး၊ ဖွံ့ဖြိုးတိုးတက်မှုကို မျှဝေခံစားရေး” ဟူသော ဦးတည်ချက် ဆောင်ပုဒ်ဖြင့် အာရှ-ဥရောပ ဆွေးနွေးပွဲကို ကျင်းပသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အာရှနှင့် ဥရောပ ၄၆ နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများ၊ အထက်တန်း တာဝန်ရှိသူများ၊ ဥရောပကော်မရှင်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ဥရောပဗဟိုဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ကြသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1