Wednesday, October 31, 2012

မိုဒေးလ် နောက်ခံလူ ဖိုရန်းကို မန်ယူ စိတ်ဝင်စားနေကြောင်း ဆိုးလ်ရှား အတည်ပြု

Ever November | 10/31/2012 03:04:00 PM | Best Blogger Tips
မိုဒေးလ် အသင်းမှ နောက်ခံလူ ဗာဂါ့ဒ်ဖိုရန်း

မန်ချက်စတာယူနိုက်တက်အသင်းသည်မိုဒေးလ်အသင်းမှ နောက်ခံလူဗာဂါ့ဒ်ဖိုရန်းကို စောင့်ကြည့်နေကြောင်း သိရှိရသည်။
နော်ဝေးကလပ် မိုဒေးလ်သည် မန်ယူ၏ တိုက်စစ်မှူးဟောင်း အိုလေဂန်နာ ဆိုးလ်ရှား နည်းပြအဖြစ် ကိုင်တွယ်နေသော ကလပ်လည်း ဖြစ်သည်။ မန်ယူက ဖိုရန်းကို စိတ်ဝင်စားနေကြောင်း သတင်းများကို ဆိုးလ်ရှားကလည်း ကြိုဆိုခဲ့သည်။ အသက်(၂၄)နှစ် အရွယ်ရှိ နော်ဝေး နောက်ခံလူနှင့် ပတ်သက်ပြီး ဆိုးလ်ရှားက "ဖိုရန်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားဖို့ ပြည့်ဝတဲ့ အရည်အသွေး ရှိသူပါ။ ဒါပေမဲ့ ကျွန်တော် ဒီအကြောင်း သူ့ကို ပြောပြဖို့တော့ မလိုဘူးလေ"ဟု ပြောဆိုခဲ့သည်။ ၎င်းက ဖိုရန်းသည် အကောင်းဆုံး အနေအထားတွင် ရှိနေပြီဟုလည်း သုံးသပ်ခဲ့သည်။
"သူ့ရဲ့ အကောင်းဆုံး ခြေစွမ်း ရနေတဲ့ အခြေအနေမှာ ဖိုရန်းဟာ အရမ်း ထူးချွန်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လောလောဆယ်တော့ သူ့ကို လက်ရှိကစားနေတဲ့ ပွဲတွေအတွက် အာရုံစိုက်ပြီး နော်ဝေး လက်ရွေးစင် အသင်းမှာ ပုံမှန်နေရာမြဲအောင် ကြိုးစားဖို့ တိုက်တွန်း ထားပါတယ်" ဟု ဆိုးလ်ရှားက ပြောဆိုခဲ့သည်။ မန်ယူသည် လက်ရှိတွင် အသက်(၃၄)နှစ် ပြည့်တော့မည်ဖြစ်သည့် ရီယိုဖာဒီနန် နေရာတွင် ရေရှည် အစားထိုးရန် အရွယ်ကောင်း ခံစစ်မှူးသစ် တစ်ဦးကို ရှာဖွေလျှက်ရှိသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1