Thursday, November 22, 2012

မိုဒရစ် လက်သစ်ကို မန်ယူ၊ ရီးယဲလ်တို့နှင့် အပြိုင် ချိတ်ဆက်နေသည့် မန်စီးတီး

Ever November | 11/22/2012 01:42:00 PM | Best Blogger Tips
မိုဒရစ် လက်သစ် အလန်ဟာလီလိုဗစ်

လူကာမိုဒရစ် လက်သစ်အဖြစ် နာမည် ကြီးနေသည့် ခရိုအေးရှား လူငယ်လေး တစ်ဦးကို မန်ချက်စတာ စီးတီးက စိတ်ဝင်စားနေကြောင်း သိရသည်။
သို့သော်လည်း ဒိုင်နမို ဇာဂရက်ဘ် အသင်းမှ လူငယ် ကွင်းလယ် ဖန်တီးရှင်လေး အလန် ဟာလီလိုဗစ်ကို ရရှိရေးအတွက်မူ မန်စီးတီးသည် မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်၊ စပိန်ချန်ပီယံ ရီးယဲလ်မက်ဒရစ်တို့နှင့် အားပြိုင်ရဖွယ် ရှိနေသည်။ အသက်(၁၆)နှစ်သာ ရှိသေးသည့် ဟာလီလိုဗစ်သည် တောက်ပသော ဘောလုံး ပါရမီများကို ပိုင်ဆိုင်ထားသူ တစ်ဦးလည်းဖြစ်ပြီး အနာဂတ် မိုဒရစ် အဖြစ် ညွှန်းဆို ခံနေရသည်။ ၎င်းသည် ရီးယဲလ်တွင် ပူးပေါင်းလေ့ကျင့်ခွင့်အတွက် ဖိတ်ခေါ် ခံခဲ့ရပြီး မန်ယူနှင့် ဘာစီလိုနာ အသင်းများကလည်း အလေးအနက် စောင့်ကြည့်လျှက် ရှိနေသည်။
မန်စီးတီးသည် လတ်တလောတွင် ဟာလီလိုဗစ်အတွက် ကြိုးပမ်းမှုများအနက် ထိပ်ဆုံးနေရာမှ ဦးဆောင်ခွင့် ရနေသည်ဟုလည်း ယုံကြည်ရသည်။ မန်စီးတီး အနေဖြင့် ယင်းကစားသမားလေးအတွက် ပေါင်စတာလင် (၆)သန်းတန် ကမ်းလှမ်းမှုမျိုး ပြုလုပ်ဖွယ် ရှိနေပြီး ယင်းငွေကြေး ပမာဏကို ဇာဂရက်ဘ်ကလည်း ငြင်းဆိုနိုင်ဖွယ် မရှိချေ။ ဟာလီလိုဗစ်သည် ဇာဂရက်ဘ်အသင်း၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပွဲထွက်ပါဝင်ခွင့် ရခဲ့သည့် ကစားသမားလည်း ဖြစ်သည်။ ၎င်းသည် အသက်(၁၆)နှစ်နှင့် (၁၀၂)ရက်တွင် အသင်းအတွက် ပထမဆုံး ပါဝင် ကစားပေးခဲ့ပြီး တစ်ပတ်အကြာဆလာဗန် ဘီလူပိုနှင့် ပွဲစဉ်တွင် ဂိုးသွင်းယူပေးခဲ့သည်။ ထို့ကြောင့် ဟာလီလိုဗစ်သည် ခရိုအေးရှား လိဂ်ပြိုင်ပွဲ၏ အသက်အငယ်ဆုံး ဂိုးသွင်းသူလည်း ဖြစ်လာကြောင်း သိရှိရသည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1