နယူးဇီလန်
 နိုင်ငံ မြောက်ပိုင်းကျွန်း အလယ်ပိုင်းရှိ တန်ဂါရီယို မီးတောင် သည် 
နိုဝင်ဘာ ၂၁ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ပေါက်ကွဲ 
ခဲ့ကြောင်း ဘူမိဗေဒနှင့် နျူကလီးယား သိပံ္ပပညာ ရပ်ဆိုင်ရာ တက္ကသိုလ် (GNS 
Science) မှ ထုတ်ပြန် ကြေညာ ခဲ့သည်။
မီးတောင်
 ပညာရှင် များသည် ပေါက်ကွဲမှုနှင့် ပတ်သက်၍ စောင့်ကြည့် စစ်ဆေး လျက်ရှိပြီး 
မီးတောင်၏ ဖြစ်လာ နိုင်ခြေ ရှိသော သတင်း အချက် အလက် များအား ထပ်မံ ထုတ်ပြန်
 ကြေညာ သွားမည် ဖြစ်ကြောင်း GNS Science မှ တာဝန် ရှိသူ တစ်ဦးက ပြောကြား 
ခဲ့သည်။
မီးတောင်
 သတိပေးမှု အဆင့်သည် အဆင့်တစ်မှ မြင့်တက်လာ ခဲ့ကြောင်းနှင့် မီးတောင် 
ပေါက်ကွဲမှု နှုန်းမှာ အဆင့်တစ်၌ မီးတောင် အတွင်းမှ ချော်ရည်ပူများ 
ဆူပွက်လာပြီး မီးတောင် မငြိမ် မသက် ဖြစ်ပွားသောအခြေ အနေတွင် ရှိပြီး 
အဆင့်နှစ်တွင် အသေးစား ပေါက် ကွဲမှုများ ဖြစ်ပေါ် လာသည်ဟု ၎င်းကထပ် လောင်း 
ပြောကြား ခဲ့သည်။
 မီးတောင်မှ လေထုထဲသို့ ပြာမှုန့်များ မှုတ်ထုတ် နေဆဲ ဖြစ်သဖြင့် မီးတောင် 
ပေါက်ကွဲရာ တစ်ဝိုက်တွင်လေယာဉ်များ မပျံသန်းရန် သတိပေး ထားသည်။
တန်ဂါရီယို
 မီးတောင်၏ တီမာရီ မီးတောင်ဝ နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တန်ဂါ 
ရီယို၏ လေအောက် ဖြစ်သော ဝိကာတို ဒေ သ၊ ဟော်ကီ ပင်လယ်အော်၊ ဂစ်ဘောန် 
ဒေသနှင့် ပင်လယ်အော် များသို့ ပြာမှုန့်များ ကျရောက် လာနိုင်ကြောင်း မြို့ပြ
 ကာကွယ်ရေး ဝန် ကြီး ဌာနက သတိပေး ထားသည်။ ပြည်သူ များသည်မီးတောင် 
ပြာမှုန့်များ ၎င်းတို့၏ နှာခေါင်းနှင့် မျက်စိများသို့ ဝင်ရောက်ခြင်း 
မရှိစေရန် ကာကွယ် သင့်ကြောင်း  သတိပေး ထားသည်။
တန်ဂါရီယို
 မီးတောင်သည် ပထမဆုံး အကြိမ် ပေါက်ကွဲမှု အဖြစ် ၁၈၉၇ ခုနှစ် သြဂုတ် ၆ ရက်က 
ပြာမှုန့် ပမာဏ အနည်း ငယ်မျှ သာ နောက်ဆုံး မှုတ်လွှတ် ခဲ့ကြောင်း သိရသည်။  
မြ၀တီ
No comments:
Post a Comment