Thursday, November 22, 2012

မီလန်၏ ချန်ပီယံ နောက်တစ်ဆင့် တက်ရေး လှပသော သွင်းဂိုးဖြင့် ကူညီခဲ့သည့် မက်ဆက်စ်

Ever November | 11/22/2012 12:05:00 PM | Best Blogger Tips
မက်ဆက်စ်ရဲ့ လှပသော ဂိုးကန်သွင်းမှု

ဖိလစ်ပီ မက်ဆက်စ်၏ သွင်းဂိုးသည် အင်္ဂလန် အသင်းဘက် ဆွီဒင် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ကန်သွင်းခဲ့သည့် ဂိုးထက်ပင် လှပကြောင်း ချီးကျူးခံနေရပြီ ဖြစ်သည်။
အဆိုပါ ပြင်သစ် ခံစစ်မှူးသည် ချန်ပီယံလိဂ် အုပ်စု(C)ပွဲစဉ်တွင် မီလန်က ဘယ်လ်ဂျီယံကလပ် အန်းဒါးလက်ခ်ျကို (၃-၁)ဖြင့် အနိုင် ရခဲ့ရာ၌ လှပသော ဂိုးတစ်ဂိုးကို သွင်းယူခဲ့သည်။ မက်ဆက်စ်သည် ပြိုင်ဘက် ဂိုးပေါက်ကို ကျောပေးလျှက်သား အနေအထားတွင် ရှိနေစဉ် လေထဲမှ ကျလာသော ဘောလုံးကို ရင်ဘတ်ဖြင့် တစ်ချက်တားကာ တိတိကျကျ နောက်ပြန်ကန်သွင်းကာ ဂိုးရယူခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က အီဘရာဟီမိုဗစ် သွင်းယူခဲ့သော ဂိုးသည်လည်း နောက်ပြန် အဝေးကန်ချက် တစ်ခုပင် ဖြစ်သော်လည်း ယခုအခါ မက်ဆက်စ်၏ ဂိုးက ပိုမိုကောင်းမွန်ကြောင်း ချီးကျူးမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
မက်ဆက်စ်၏ အားထုတ်မှုတွင် ဘောလုံးသည် ဂိုးတိုင်အပေါ်ထောင့်ထဲ တန်းနေအောင် ဦးတည်နေခဲ့ပြီး ဂိုးသမားမှာ လှုပ်ချိန်ပင် မရလိုက်ဘဲ ဂိုးပေးလိုက်ရသည်။ မီလန်သည် ယခုပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် စပိန်ကလပ် မာလာဂါနှင့်အတူ နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။ ယခုပွဲတွင် အန်းဒါးလက်ခ်ျ အသင်းမှ ဘရမ်နျူတင့်ခ် ထုတ်ပယ်ခံရခြင်းကလည်း မီလန်အတွက် ကစားရ ပိုမိုလွယ်ကူစေခဲ့သည်။ မီလန်အတွက် အခြားနှစ်ဂိုးကိုမူ စတီဖင် အယ်လ်ရှာဝါရီနှင့် အလက်ဇန္ဒား ပါတိုတို့က သွင်းယူသွားခဲ့သည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1