Thursday, November 22, 2012

မီတာဘီလ်များကို အွန်လိုင်းမှပေးဆောင်နိုင်ပြီ

Ever November | 11/22/2012 01:50:00 PM | Best Blogger Tips
အွန်လိုင်းမှမီတာဆောင်နိုင်သောစနစ်ကို နေပြည်တော်နှင့် မန္တလေးမြို့ တွင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ အဆိုပါဘဏ်တွင် Online Payment အကောင့် တစ်ခု ဖွင့် ကာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အွန်လိုင်းဖုန်းဘီလ်ဆောင်တဲ့ အကောင့်နဲ့လည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ မီတာဘီလ်လာရင် ရတဲ့စာရွက်ပေါ်မှာပါတဲ့ မီတာပိုင်ဆိုင်တဲ့ နံပါတ်နဲ့ အွန်လိုင်းမီတာဘီလ် ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ Online Payment Section, ICT Department မှဖြေကြားသည်။ အဆိုပါစနစ်ကိုယခုလဆန်းပိုင်းတွင်စတင်အသုံးပြုနိုင်ခြင်းဖြစ်ပြီး နေပြည်တော်တွင်ကနဦးအသုံးပြုနိုင်ခြင်းဖြစ်ကြောင်း၊ ၎င်းနောက် မန္တလေးတွင် ဆက်လက်အသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ မီတာဘီလ် ဆောင်ရန်အတွက် အကောင့်ဖွင့်ရာတွင်နောက်ဆုံးဆောင်ထားသော ဖြတ်ပိုင်း (မီတာနံပါတ်ပါရှိရမည်) မူရင်းလိုအပ်မည်ဖြစ်သည်။ မီတာဘီလ်တစ်ကြိမ်ပေးသွင်းလျှင် ၀န်ဆောင်စရိတ် ကျပ်ငါးရာဖြစ်ကြောင်း သိရသည်။

http://ebilling.ypay.com.mm/ မှတစ်ဆင့် ပေးဆောင်နိုင်မည်ဖြစ်သည်။ အွန်လိုင်းစနစ်ဖြစ်၍ မိမိနှစ်သက်သောအချိန်တွင် မည်သည့်နေရာမှမဆို အွန်လိုင်းမှတစ်ဆင့် ဘီလ်ဆောင်နိုင်မည်ဖြစ်သည်။

“ဖုန်းဘီလ်လောက်တော့ မီတာဘီလ်ဆောင်တဲ့နေရာမှာ တန်းစီရတာ မများဘူးလို့ထင်ပေမယ့် တစ်ခါတလေကျရင် အရမ်းကျပ်တာမျိုးတွေရှိပါတယ်။ ရန်ကုန်မှာလည်း မီတာဘီလ်ကို မကြာခင် ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်” ဟု အင်းစိန်မြို့နယ်ရှိ အိမ်ရှင်မတစ်ဦးကပြောသည်။ Online Payment Account ဖွင့်လှစ်ခြင်းမှာ ဖုန်းဘီလ်များ၊ လျှပ်စစ်မီတာဘီလ်များ၊ အခြားပေးဆောင်ရမည့် အခွန်အခများနှင့် Online Shopping/ Online Payment များအတွက်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် Online Payment Account ဖွင့်လှစ်နိုင်သော ဘဏ်ခွဲများမှာ နေပြည်တော်ဘဏ်၊ ကမာရွတ်ဘဏ်ခွဲ၊ လမ်းမတော်ဘဏ်ခွဲ၊ ဘုရင့်နောင်ဘဏ်ခွဲ၊ ဦးချစ်မောင်လမ်းဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ မြစ်ကြီးနားဘဏ်ခွဲနှင့် မကွေးဘဏ်ခွဲတို့ဖြစ်ကြောင်း သိရသည်။
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1