Thursday, November 22, 2012

ဘင်နီတက်ဇ်ကို မန်နေဂျာ ရာထူး ခန့်အပ်ခဲ့သည့် ချယ်လ်ဆီး

Ever November | 11/22/2012 11:42:00 AM | Best Blogger Tips
ချယ်လ်ဆီး မန်နေဂျာ ဖြစ်လာသည့် ဘင်နီတက်ဇ်

ချယ်လ်ဆီး အသင်းသည် ရောဘတ်တို ဒီမက်တီယိုကို ထုတ်ပယ်ပြီးနောက် ကြားဖြတ် မန်နေဂျာအဖြစ် ရာဖေးလ် ဘင်နီတက်ဇ်အား ခန့်အပ်လိုက်ပြီ ဖြစ်သည်။
အဆိုပါ စပိန်သားသည် မြောက်လန်ဒန် အခြေစိုက် ကလပ်အသင်းကို အနည်းဆုံး ဘောလုံးရာသီ အကုန်ထိ တာဝန်ယူဖြစ်မည်ဟု သတင်းများက ဖော်ပြခဲ့သည်။ ဒီမက်တီယိုသည် ချန်ပီယံလိဂ်တွင် ဂျူဗင်းတပ်စ် အသင်းအား (၃-၀)ဖြင့် အရေးနိမ့်ကာ အုပ်စုမှပင် ကျောခိုင်းထွက်ခွာရမည့် အခြေအနေမျိုး ကြုံလာပြီးနောက် အသင်းက ၎င်းအား ထုတ်ပယ်မှုနှင့် ကြုံခဲ့ရသည်။ ချယ်လ်ဆီးပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် ဘင်နီတက်ဇ်ကို ယာယီမန်နေဂျာ သဘောမျိုးသာ ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ရာသီကုန်တွင်မူ ဂျိုးဆက် ဂွာဒီယိုလာ အတွက် ဆက်လက် ကြိုးစားဖွယ် ရှိနေသည်။
အေဗရာမိုဗစ်ခ်ျသည် ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာကို နှစ်ရှည်လများ ချိန်ရွယ်ခဲ့သူလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ စပိန်သား နည်းပြက ၎င်း၏ အနာဂတ်ကို မစဉ်းစားသေးဘဲ မိသားစုနှင့်သာ အနား ယူနေလိုကြောင်း ပြောဆိုခဲ့သည့်နောက် ရာသီကုန်မှ ၎င်းကို ချဉ်းကပ် ကမ်းလှမ်းဖွယ် ရှိနေသည်။ Daily Mail သတင်းစာက အေဗရာမိုဗစ်ခ်ျသည် ဂွာဒီယိုလာအတွက် တစ်နှစ် ပေါင်စတာလင် (၁၅)သန်းတန် စာချုပ်တစ်ရပ် အသင့်ပြင်ဆင်ထားကြောင်းလည်း ဖော်ပြခဲ့သည်။
လီဗာပူးလ် မန်နေဂျာဟောင်း ဘင်နီတက်ဇ်သည် ချယ်လ်ဆီး ပရိသတ် အကြိုက်တွေ့သူ တစ်ဦးမဟုတ်ဘဲ လီဗာပူးလ်ကို ၎င်းကိုင်တွယ်စဉ် ကတည်းက ချယ်လ်ဆီးပရိသတ်များ၏ မနှစ်မြို့မှုကို ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ၊ ယခုအခါ တရားဝင်ရာထူး လက်ခံခဲ့ပြီးနောက် ဘင်နီတက်ဇ်သည် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် မန်ချက်စတာ စီးတီးနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ အသင်းအား စတင်စီမံ ကိုင်တွယ်သွားမည်ဖြစ်သည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1