Thursday, November 1, 2012

ဆွမ်ဆီးက လီဗာပူးလ်ထက် ပိုကောင်းခဲ့ကြောင်း ရော့ဂျာ ဝန်ခံ

Ever November | 11/01/2012 03:20:00 PM | Best Blogger Tips
ဆွမ်ဆီး ပိုကောင်းခဲ့သည်ဟု ပြောလိုက်သည့် ရော့ဂျာ

လီဗာပူးလ် အသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ကက်ပီတယ်လ်ဝမ်း ပြိုင်ပွဲတွင် မိမိတို့သည် ပိုကောင်းသော အသင်းကို အရေး နိမ့်ခဲ့ခြင်းဟု ဝန်ခံ သွားခဲ့သည်။
အသက်(၃၉)နှစ်ရှိ မြောက်အိုင်ယာလန်သားက ၎င်းကိုင်တွယ်ခဲ့ဖူးသည့် အသင်းဟောင်း ဆွမ်ဆီးအား (၃-၁)ဖြင့် အရေးနိမ့်ကာ လက်ရှိ ချန်ပီယံဘွဲ့ကို ဆုံးရှုံးခဲ့ရမှုနှင့် ပတ်သက်ပြီး အကြွင်းမဲ့ လက်ခံရန်သာ ရှိကြောင်း ပြောဆိုသွားသည်။ ဆွမ်ဆီးသည် ချီကို၊ နသန်ဒိုင်ယာ တို့၏ ဂိုးများဖြင့် ဦးဆောင်ပြီးနောက် လူးဝစ်ဆွာရက်ဇ်က တစ်ဂိုးပြန်လည် ချေပခဲ့သော်လည်း ဂျိုနသန် ဒီဂါ့ဇ်မန်းက အပိတ်ဂိုး သွင်းယူသွားပြီးနောက် အိမ်ကွင်း အန်းဖီးလ်တွင်ပင် လီဗာပူးလ်အသင်း အရေး နိမ့်သွားခဲ့ရသည်။ 
ရော့ဂျာက မိုက်ကယ်လော့ဒရပ် ကိုင်တွယ်နေသည့် အသင်းဟောင်းသည် လီဗာပူးလ်ထက် ပိုကောင်းခဲ့ကြောင်း ဝန်ခံသွားသည်။ "အကောင်းဆုံး အသင်းက နိုင်သွားတယ်လို့ပဲ တွေးမိပါတယ်။ ကျွန်တော်တို့က အရမ်းနှေးကွေးနေခဲ့တယ်။ ပထမပိုင်းမှာ Tempoပျောက်နေချိန်မှာ ဆွမ်ဆီးကကျတော့ ကစားပုံ ကောင်းခဲ့တယ်။ ဖန်တီးမှုလည်း ကောင်းတယ်။ တကယ့်ကို ကောင်းခဲ့ပါတယ်"ဟု ရော့ဂျာက ဆိုသည်။ ၎င်းက "ဒုတိယပိုင်းမှာ စတီဗင်ဂျရတ်နဲ့ ဆွာရက်ဇ်တို့ကို ထည့်ပြီး တိုက်စစ်Tempoကို တင်ခဲ့ပေမယ့် လုံလောက်တဲ့ ဂိုးအရေအတွက် မရခဲ့ပါဘူး။ (၂)ဂိုး ဦးဆောင်ခံထားရတဲ့ အခြေအနေက ကျွန်တော်တို့အတွက် ခက်ခဲစေခဲ့ပါတယ်"ဟုလည်း ထုတ်ဖော် ပြောဆိုသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1