မိမိ၏ ခြေထောက် ကျိုးလုနီးပါး ဖြစ်စေခဲ့သည့် လူးဝစ်ဆွာရက်ဇ်၏ ကစားပုံကို ရိုက်ကူးထားသော ဓာတ်ပုံအား အဲဗာတန် နောက်ခံလူ ဆီလ်ဗိန်း ဒစ္စတင်က Twitterတွင် လွှင့်တင်ခဲ့သည်။
အင်္ဂလန်တွင် တောက်လျှောက် ဝေဖန်မှုများ၊ ပြဿနာများနှင့် ကြုံနေရသည့် လီဗာပူးလ် တိုက်စစ်မှူး ဆွာရက်ဇ် အတွက် ယခုကိစ္စသည် နောက်ထပ် ခေါင်းခြောက်စရာ အခြေအနေတစ်ခု ဖြစ်လာသည်။ အဲဗာတန်ကွင်းတွင် (၂)ဂိုးစီ သရေကျသော မာဆေးဆိုက် ဒါဘီ၌ အသက်(၃၄)နှစ်ရှိ ပြင်သစ် ခံစစ်မှူးသည် ဘောလုံး ဖျက်ထုတ်စဉ် နောက်ခြေထောက်ကို ဆွာရက်ဇ်က နင်းလိုက်သဖြင့် ပြင်းပြင်းထန်ထန် ထိခိုက် နာကျင်သွားခဲ့သည်။ ထိုအခြေအနေကြောင့် ဆွာရက်ဇ်အား ဒိုင်က အဝါကတ် ပြခဲ့သည်။
ဒစ္စတင်က Twitterတွင် ထိုဓာတ်ပုံကို လွှင့်တင်ပြီးနောက် "စိုးရိမ်နေကြတဲ့ 
သူတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် ခြေကျင်းဝတ်က အခြေအနေ 
ပြန်ကောင်းလာပါပြီ။ အခန့်မသင့်ရင်တော့ ကျိုးသွားတဲ့အထိ ဖြစ်နိုင်တယ်လေ" ဟု 
ရေးသား ထားခဲ့သည်။ ဆွာရက်ဇ်သည် အဲဗာတန်နှင့် ပွဲစဉ်တွင် 
ဂိုးသွင်းယူပြီးနောက် အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်ရှေ့တွင် 
အရွဲ့တိုက်ကာ ဒိုင်ဗင်ထိုး အောင်ပွဲခံခဲ့သဖြင့် ဝေဖန်မှုများနှင့် 
ရင်ဆိုင်နေရသေးသည်။ မိုယက်စ်က ယမန်နှစ် ဘောလုံး ရာသီတွင် ဆွာရက်ဇ်၏ 
ဟန်ဆောင်မှုကြောင့် ဂျက်ရော့ဒ်ဝဲလ် ထုတ်ပယ်ခံရသည်ကို ပြန်လည် ကောက်နုတ် 
ဝေဖန်ခဲ့သည့်နောက် ဆွာရက်ဇ်က ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။  
soccer myanmar


No comments:
Post a Comment