Thursday, November 1, 2012

ရီးယဲလ်မှ ထွက်ခွာရန် စိတ်မကူးဟု ကာကာပြောကြား

Ever November | 11/01/2012 04:02:00 PM | Best Blogger Tips

ရီးယဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာရန် မိမိတွင် အစီအစဉ် ရှိမနေကြောင်း ရီကာဒို ကာကာက ထုတ်ဖော် ပြောကြားလိုက်သည်။
ဘရာဇီးလ် လက်ရွေးစင် Playmakerက လတ်တလောတွင် အသင်း၌ ပုံမှန် ပွဲထွက်ခွင့် မရသော်လည်း အသင်းကို ကျောခိုင်းရန်ထက် နောက်ထပ် ပွဲများများ ကစားခွင့်ရရန်သာ မျှော်လင့်ထားကြောင်း ဆိုသည်။ ကာကာသည် (၂၀၀၇)ခုနှစ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို ရရှိခဲ့သော်လည်း (၂၀၀၉)ခုနှစ်တွင် အေစီမီလန်မှ ရီးယဲလ်သို့ ပြောင်းရွှေ့လာပြီး ကတည်းက ဒဏ်ရာများနှင့် ရုန်းကန်နေရပြီး ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံးခဲ့ရသည်။ သို့သော် စက်တင်ဘာလက အသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အယ်လ်ဖရက်ဒို ဒီစတီဖာနို အတွက် ရည်စူးသည့် ဂုဏ်ပြုခြေစမ်းပွဲတွင် ခြေစွမ်းပြကာ Hat-Trickသွင်းယူနိုင်ခဲ့သည်။
အသက်(၃၀)အရွယ် ကာကာက "နွေရာသီကတည်းက အပြောင်းအရွှေ့ကိစ္စ သတင်းတွေ အမျိုးမျိုး ထွက်ခဲ့ပေမယ့် ကျွန်တော်ကတော့ ရီးယဲလ်က ထွက်ဖို့ လုံးဝ မစဉ်းစားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အသင်းအတွက် အများကြီး လုပ်ပေးနိုင်ဆဲ ဆိုတာကို သိနေလို့ပါပဲ။ ကျွန်တော့် စာချုပ်က အသင်းမှာ (၃)နှစ် ကျန်ပါသေးတယ်။ ရှေ့ဆက်နိုင်စွမ်း ရှိသေးတယ်လို့လည်း ယုံကြည်တယ်။ ပြီးတော့ အသင်းမှာ နေရာတစ်ခု ရဖို့အတွက် ကြိုးစားရင်း အသင်းနဲ့ အတူ ဆုဖလားတွေ ရယူချင်ပါတယ်"ဟု ပြောကြားသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1