Thursday, November 22, 2012

နယူးဇီလန်တွင် တွန်ဂါရီယိုမီးတောင် ပေါက်ကွဲ

Ever November | 11/22/2012 04:42:00 PM | Best Blogger Tips

နယူးဇီလန်နိုင်ငံ အလယ်ပိုင်း မြောက်ကျွန်းရှိ တွန်ဂါရီယို မီးတောင်ကြီးသည် တဖြည်းဖြည်း လှုပ်ရှားလာရာမှ နိုဝင်ဘာ ၂၁ ရက်မွန်းလွဲ ၁ နာရီ ၂၅ မိနစ်က ပေါက်ကွဲခဲ့ကြောင်း နယူးဇီလန် အစိုးရဘူမိဗေဒနှင့် နျူကလီးယားသိပ္ပံ ဆိုင်ရာအဖွဲ့ (ဂျီအင်န်အက်စ်) က ထုတ်ဖော် ပြောကြားသည်။ အဆိုပါ မီးတောင်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ထပ်မံရရှိမှုကို ဆက်လက် ထုတ်ပြန်ပေးနိုင်ရန် မီးတောင်ပညာရှင်များက လေ့လာ စောင့်ကြည့်နေကြကြောင်း ဂျီအင်န်အက်စ် အဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။ ယင်းတွန်ဂါရီယို မီးတောင်ကြီးသည် တီမာရီခရာတာ့စ် ဧရိယာအတွင်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ၄င်းမီးတောင်ကြီး အနည်းငယ် လှုပ်ရှားလာချိန်တွင် သတိပေးချက် အဆင့်တစ် ထုတ်ပြန်ပေးခဲ့ပြီးနောက် ဆက်တိုက် လှုပ်ရှားလာချိန်တွင် သတိပေးချက် အဆင့်နှစ်သို့ တိုးမြှင့် ထုတ်ပြန်ပေးခဲ့သည်ဟု ဆိုသည်။ မီးတောင်ပေါက်ကွဲပြီး လေထုအတွင်းသို့ ပြာမှုန်များ လွှတ်ထုတ်နေမှုနှင့်အတူ လေယာဉ်ပျံသန်းမှုများကိုလည်း အနီရောင် အဆင့် သတိပေးချက်များ ထပ်မံ ထုတ်ပြန်ပေးခဲ့ကြောင်း ဂျီအင်န်အက်စ် သိပ္ပံအဖွဲ့က ဆက်လက်ပြောကြားသည်။ မီးတောင် ပေါက်ကွဲမှုမှထုတ်လွှတ်သော ပြာမှုန်များသည် လေနှင့်အတူ တွန်ဂါရီယိုမီးတောင်အောက်သို့ ကျရောက်ပြီး မီးတောင်အနီးဝန်းကျင်ရှိ ဒေသအများအပြားကို ထိခိုက်နိုင်ကြောင်း မြို့ပြကာကွယ်ရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ ပြာမှုန်များ ရှူရှိုက်မှုမှ ရှောင်ရှားနိုင်ရန်နှင့် ၄င်းတို့၏ မျက်လုံးများအား ကာကွယ်ထားရန် ဒေသခံများကို သတိပေးထားသည်ဟု ဆိုသည်။ တွန်ဂါရီယို မီးတောင်ကြီးသည် ၁၈၉၇ ခုနှစ်က ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1