Thursday, November 1, 2012

အမေရိကန်နိုင်ငံ ဆန်ဒီစူပါမုန်တိုင်းကြောင့် သေဆုံးသူ ၄၈ ဦးထိရှိလာ

Ever November | 11/01/2012 03:49:00 PM | Best Blogger Tips

ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဖျက်စွမ်းအား ကြီးမားသည့် အင်အားပြင်းထန်သော ဆန်ဒီစူပါမုန်တိုင်းသည် အမေရိကန်နိုင်ငံအတွင်း ၀င်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး ၄၈ ဦးထိ သေဆုံးခဲ့ပြီး နိုင်ငံအရှေ့မြောက်ပိုင်းတွင် လူသန်းပေါင်းများစွာ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ကြောင်း အောက်တိုဘာ ၃၁ ရက် အင်တာနက်သတင်းတွင် ဖော်ပြသည်။ အဆိုပါ ဆန်ဒီမုန်တိုင်းကြောင့် ပျက်စီးမှုနှင့် အသက်ပေါင်းများစွာ ဆုံးရှုံးမှုများမှာ နိုင်ငံအတွက် ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်ဖြစ်ကြောင်း၊ ယင်းမုန်တိုင်းသည် ယခုထိ ထွက်ခွာသွားခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဆန်ဒီမုန်ုတိုင်းသည် ကာရေဘီယံတွင် ၀င်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ဟေတီတွင် အများဆုံး သေဆုံးခဲ့ပြီး အောက်တိုဘာ ၂၄ ရက်အထိ သေဆုံးသူ ၁၁၇ ဦးရှိသွားပြီဖြစ်သည်။ အမေရိကန်နိုင်ငံတွင် သေဆုံးသူများမှာ နယူးယောက်၊ နယူးဂျာစီ၊ပင်ဆယ်ဗေးနီးယား၊ မြောက်ကာရိုလိုင်းနား၊အနောက်ဗာဂျီးနီးယားနှင့် မေရီလန်းပြည်နယ်များမှ 
 ဖြစ်သည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1