Tuesday, December 4, 2012

ဂျပန်နိုင်ငံတွင် အရှည်ဆုံးကားလမ်းဥမင် ပြိုကျ

Ever November | 12/04/2012 10:24:00 AM | Best Blogger Tips

ဂျပန်နိုင်ငံတွင် အဓိက မော်တော်ကားလမ်း လိုဏ်ဂူတစ်ခု ပြိုကျရာ မော်တော်ကားများပိတ်မိပြီး လူခုနစ်ဦး ပျောက်ဆုံးနေကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ဒေသဆိုင်ရာ မီဒီယာသတင်း၌ ဖော်ပြသည်။ အဆိုပါ ဥမင်လိုဏ်ခေါင်း ပြိုကျမှုသည ဆာဆာဂို ဥမင်လှိုဏ်ခေါင်းအတွင်း၌ ပွားခဲ့ခြင်း ဖြစ်သည်။ ၄င်းဖြစ်ပွားမှုသည် ဒေသစံတော်ချိန် နံနက် ၈ နာရီကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းဥမင်သည် တိုကျိုမြို့ အနောက်ဘက် မိုင် ၅ဝ အကွာတွင် တည်ရှိသည်။ ဂျပန်နိုင်ငံ၏ အရှည်ဆုံး ဥမင်လိုဏ်ခေါင်းဖြစ်ပြီး မြို့တော်နာဂိုယာနှင့် ဆက်သွယ်ထားသည်။ ၄င်းဥမင်အတွင်းမှ မီးခိုးမည်းများ ထွက်လာသည်ကို တွေ့ရကြောင်း၊ အတွင်း၌ မီးလောင်မှုဖြစ်ပွားနိုင်ကြောင်း သတင်းထောက်များ၏ ပြောကြားမှုကိုကိုးကား၍ အင်န်အိတ်ခ်ျကေ သတင်းဌာနကဖော်ပြသည်။ ဆာဆာဂိုဥမင်သည် ၂ ဒသမ ၇မိုင် ရှည်လျားပြီး နှစ်လမ်းမောင်း ကားလမ်း ပါရှိသည်။ တိုကျိုမြို့ အပြင်ဘက်တွင် အရှည်ဆုံးဥမင်လမ်းဖြစ်သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1