Thursday, December 6, 2012

မီးလောင်ဗုံးသင့် သံဃာများကိစ္စနှင့်ပတ်သက်၍ လူမှုရေးဝန်ကြီးရှင်းလင်းပြောကြား

Ever November | 12/06/2012 05:28:00 PM | Best Blogger Tips

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော လက်ပံတောင်းတောင်အရေးကြောင့် မီးလောင်ဗုံးသင့်ခဲ့သည့် သံဃာတော်(၃၇)ပါးအား မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်(၆၂)လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံသို့ ပြောင်းရွှေ့လိုက် ပြီ ဖြစ်သည်။
 
စင်္ကာပူသို့ သွားရောက်ကုသမည့် သံဃာများအား နိုင်ငံကူးလက်မှတ်ထုတ်မပေးသည့်သတင်းမှာ မဟုတ်မှန်ကြောင်း၊ သံဃာများ၏ မီးလောင်ဒဏ်ရာများသည် မည်သည့် လက်နက်များဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည်ကိုမူ  ၎င်းတို့အနေဖြင့် မသိရှိကြောင်း ၊ မှုခင်းဆရာဝန်များကသာ သုံးသပ်နိုင်ကြောင်း ထိုဒဏ်ရာများမှာ အသားပြန်တက်လာမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
 
မန္တလေးဆေးရုံကြီးက အထက်မြန်မာပြည်ရဲ့ အဓိကဆေးရုံဖြစ်တယ် ၊ အခြားလူနာတွေလည်း နေ့စဉ် လာနေရတယ် ၊ မနေ့က အစာအိမ်ဖြစ်တဲ့လူတို့ အခြားလူနာတွေလာတဲ့ အချိန်ကြတော့ ကုတင်မရှိတော့လို့ အောက်မှာအိပ်နေရတာ သံဃာတွေ ကိုယ်တိုင်မြင်သွားတော့ ပြောင်းဖို့ သဘောတူလိုက်ကြတယ် ”ဟု လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင် က ပြောကြားခဲ့သည်။
 
မြန်မာနိုင်ငံရှိ ဆရာဝန်များသည် နိုင်ငံတကာဆရာဝန်များနှင့် ရင်ဘောင်တန်းနိုင်ကြောင်း သံဃာများ အားပေးနေသည့် ဆေးဝါးများမှာ (FDA) အသိအမှတ်ပြုဆေးများ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
စင်္ကာပူသွားမယ်ဆိုတာ မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံကိုတော့ ဆရာတော်တစ်ပါးကသူ့ဆန္ဒနဲ့သူသွားကုတာပါ ၊ နိုင်ငံကူး လက်မှတ်အတွက်လိုအပ်ရင် အကူအညီပေးမယ်လို့ကျွန်တော်တို့က ပြောထားပါတယ်ဟု ၄င်းက ဆက်ပြောသည်။
 
ယခုကဲ့သို့ ပြောင်းရွှေ့မှုနှင့်ပတ်သတ်၍ကုသမှုခံယူနေသောကိုယ်တော်များအရေးကူညီဆောင်ရွက် ပေးနေ
သူ ဦးသုက ပြောင်းရွှေ့မှုအား ကျေနပ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
 
ဒီမှာနေရာမဆန့်တော့လို့ဟိုဖက်ဆေးရုံကြီးကိုပြောင်းပေးမယ်လို့ ပြောတော့ကိုယ်တော်တွေအားလုံးကလဲ လက်ခံကြပါတယ် ၊ ဘာမှပြောစရာမရှိပါဘူးဟု၎င်းက ပြောသည်။
 
မန္တလေးဆေးရုံကြီးတွင် အရေးပေါ် ခွဲစိတ်ကုသမှုခံယူရမည့် သံဃာ(၄)ပါး အပါအ၀င် စုစုပေါင်းသံဃာ (၃၁)ပါး ဆက်လက် ကုသမှုခံယူနေသည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1