Thursday, December 6, 2012

ကမ္ဘာ့အကောင်ဆုံး ဆုရှင်ကို ကြိုတင် ရွေးချယ်ပြီးသားဟု မော်ရင်ညို ခနဲ့

Ever November | 12/06/2012 05:25:00 PM | Best Blogger Tips

ရီးရဲမက်ဒရစ် အသင်း၏ နည်းပြချုပ် မော်ရင်ညိုက ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသာ ထပ်မံရရှိရန် အခြေအနေ ကောင်းနေခြင်း အပေါ် မကျေမနပ် ဖြစ်နေပြီး အဆိုပါ ဆုမှာ မည်သူ့ကို ပေးမည်ဆိုသည်ကို ကြိုတင်ရွေးချယ် ထားပြီး ဖြစ်ကြောင်း ခနဲ့လိုက်သည်။

အဆိုပါ ဆုအတွက် နောက်ဆုံး ဆန်ခါတင် (၃)ဦး စာရင်းတွင် ရီးရဲ၏ စီရော်နယ်ဒို၊ ဘာကာ၏ မက်ဆီနှင့် အင်နီယက်စတာတို့ ပါဝင်နေကြရာ ယခုနှစ်အတွက် အကောင်းဆုံး ကစားသမား အဖြစ် မက်ဆီပင် (၃)နှစ်ဆက် ရွေးချယ် ခံရဖွယ် ရှိနေသောကြောင့် မော်ရင်ညိုက ခနဲ့ခဲ့ခြင်း ဖြစ်သည်။ မော်ရင်ညိုက သူ၏တပည့် ဖြစ်သူမှာ လာလီဂါ ချန်ပီယံ ဆုကို ရယူနိုင်အောင် စွမ်းဆောင် ပေးထားနိုင်ခြင်းနှင့် ယူရို ပြိုင်ပွဲအတွင်း ပေါ်တူဂီ အသင်းခေါင်းဆောင် အဖြစ် အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုကို ဒုတိယအကြိမ်မြောက် ရရှိသင့်သည်ဟု ယူဆနေသည်။

"ဒီဆုအတွက် ပေးရမယ့်လူကို ရွေးချယ်ပြီးသားပါ။ ဒါကြောင့်မို့ ခင်ဗျားတို့ ဘယ်လိုတွေပဲ ရွေးချယ် ရွေးချယ် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ ပေးချင်နေတဲ့ ရလဒ်ကို ခင်ဗျားတို့ မပြောင်းနိုင်ပါဘူး"ဟု မော်ရင်ညိုက ခနဲ့ခဲ့သည်။ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုကို ဇန်န၀ါရီလ (၇)ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် ပေးအပ်ချီးမြင့်မည် ဖြစ်သည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1