Thursday, December 6, 2012

ဇန်န၀ါရီ အပြောင်းအရွေ့ ကာလတွင် ဇင်းနစ်မှ ထွက်ခွာဖြစ်ဖွယ် ရှိနေကြောင်း ဟော့ခ်ဖွင့်ဟ

Ever November | 12/06/2012 05:06:00 PM | Best Blogger Tips

ရုရှားပရီးမီးယားလိဂ် ချန်ပီယံ ဇင်းနစ်အသင်း၏ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး ဟော့ခ်သည် အသင်းတွင် ပွဲထွက်ကစားခွင့် မရသည့် အနေအထားအပေါ် မကျေမနပ် ဖြစ်နေပြီး အကယ်၍ ထိုအခြေအနေအတိုင်း ဆက်ရှိနေမည် ဆိုပါက လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် အသင်းပြောင်းမည် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

ဟော့ခ်သည် ပြီးခဲ့သည့် အင်္ဂါနေ့ညက ကစားခဲ့သည့် အေစီမီလန် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပွဲထွက်ခွင့် မရခဲ့ဘဲ လူစားလဲ ပါဝင်ခွင့်သာ ရခဲ့သည်။ ဟော့ခ်သည် ပေါ်တိုမှ ရုရှားချန်ပီယံ ဇင်းနစ်သို့ ယူရို သန်း(၄၀)ခန့်ဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သော်လည်း ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့် ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိသေးပေ။ အဆိုပါ အသက် (၂၆)နှစ် အရွယ်ရှိ ဘရာဇီး တိုက်စစ်မှူးသည် ဇင်းနစ်တွင် အသားကျရန် ရုန်းကန်နေရပြီး လာမည့် ဇန်န၀ါရီတွင် အနောက်ဥရောပရှိ ထိပ်တန်း လိဂ်ပြိုင်ပွဲများသို့ ပြန်လာရန် ကြံရွယ်နေသည်။
"ကျွန်တော်ရော ကျွန်တော့် မိသားစုပါ စိန့်ပီတာစဘတ်မြို့မှာ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ နည်းပြအနေနဲ့ အခုကျွန်တော် ရင်ဆိုင်ရတဲ့ အခက်အခဲကို ဖြေရှင်းမပေးဘူး ဆိုရင်တော့
ဇန်န၀ါရီမှာ ကျွန်တော် အသင်းက ထွက်ခွာရပါလိမ့်မယ်"ဟု ဟော့ခ်က ပြောကြားခဲ့သည်။ ဆက်လက်၍ ၎င်းက ဇင်းနစ်မှ ထွက်ခွာဖြစ်ခဲ့ပါက အီတလီသို့ ပြောင်းရွှေ့ဖြစ်ရန် ရာခိုင်နှုန်း
များနေသော်လည်း အခြား ဘယ်နေရာမဆို ဖြစ်လာနိုင်ကြောင်း ဟော့ခ်က ဆက်လက် ပြောကြားခဲ့သည်။

ဟော့ခ်၏ ပြောကြားမှုနှင့် ပတ်သက်၍ ဇင်းနစ်အသင်း နည်းပြချုပ် စပယ်လက်တီက ဟော့ခ်အား ပြန်လည် နေရာပေးရန် အတွက် အခက်အခဲ မရှိကြောင်း ဆိုခဲ့သည်။ ဟော့ခ်၏
ပြောကြားမှုကြောင့် ၎င်းအား အလိုရှိနေသည့် အသင်းများမှာ ဇန်န၀ါရီ ဈေးကွက် ဖွင့်ချိန်တွင် လှုပ်ရှားလာနိုင်သည်။ ဟော့ခ်ကို အေစီမီလန်၊ မန်စီးတီး တို့အပြင် တိုက်စစ်ပိုင်း အခက်အခဲ
ဖြစ်နေသည့် ချဲလ်ဆီး အသင်းကလည်း တစ်ကျော့ပြန် စိတ်ဝင်စားလျှက် ရှိသည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1