ကိုမင်းကိုနိုင် ဒဏ်ရာရ သံဃာတော်တစ်ပါးအား မေးမြန်းစဉ်က ကိုမင်းကိုနိုင်
ရင်ထဲ နင့်နေအောင် ထိခိုက် ခံစားသွားရသည့် အဖြေက ဦးဇင် ဘယ်လို
ခံစားနေရလဲ ကျုပ် ဘယ်လိုခံစားနေရလဲ ဆိုတော့ ဒကာကြီး ကျုပ် အမြန်ဆုံး
သေချင်တာပဲ ဆက်မခံစား ချင်တော့ဘူး ။ ။ ဓါတ်ပုံ - Aung Nay Myo (facebook)
ရင်ထဲ နင့်နေအောင် ထိခိုက် ခံစားသွားရသည့် အဖြေက ဦးဇင် ဘယ်လို
ခံစားနေရလဲ ကျုပ် ဘယ်လိုခံစားနေရလဲ ဆိုတော့ ဒကာကြီး ကျုပ် အမြန်ဆုံး
သေချင်တာပဲ ဆက်မခံစား ချင်တော့ဘူး ။ ။ ဓါတ်ပုံ - Aung Nay Myo (facebook)
မုံရွာမြို့နယ်ရှိ၊ ပဇ္ဇာတာရုံ ကျောင်းတိုက် တွင်ရှိသော သူမေဓလူမှုရေးဆေး ခန်း၌ ယနေ့ညနေပိုင်းတွင် မဟာ ဇောတိကရာမကျောင်းတိုက်မှ သံဃာတော် အပါး ၆၀ ကျော် ဆေးကုသမှု လာရောက် ခံယူကြောင်း သိရသည်။
အဆိုပါ အပါး ၆၀ ကျော်တွင် မီးလောင် ဒဏ်ရာများအပြင် အက်စစ်စားသည့် ဒဏ်ရာများပါ တွေ့ရှိ ရကြောင်း လှုမှုရေး ဆေးခန်းတွင် အခမဲ့ လာရောက် ဆေးကုသပေး လျက်ရှိသူ ဆရာဝန် တစ်ဦး က ပြောကြားသည်။
"သူတို့က ရေနဲ့ အရင်ပက်တယ် ဆိုတာ အက်စစ်နဲ့ ဓါတ်မတည့်တဲ့ အတွက် ပိုပြီး ခံစားရအောင် ပိုပြီး မီးလောင်အောင် ရေအရင် လောင်းတာ ၊ကြည်းဆေး တဲ့အထဲမှာ ထည့်တဲ့ အက်စစ်တွေကို သုံးတာ၊ အဲဒီထဲမှာ မီသိန်းဓါက်ပါတယ်၊ အဲဒါက ရေထိရင် ပိုဆိုးသွားစေတယ်။
လာသမျှအားလုံးကမီးလောင်ဒဏ်ရာနဲ့ပရပ်ရှာ တွေကျနေတယ်၊မျက်ရည်ယိုဗုံးသာမှန်ရင်ဒီလောက်မဆိုးဝါး ဘူး" ဟု အဆိုပါဆရာဝန်က ထပ်မံပြောကြားသည်။
စူးရှ (မြန်မာ့ခေတ်)
No comments:
Post a Comment