Sunday, December 2, 2012

လှည်းတန်းကုန်းကျော်တံတားတည်ဆောက် မှုတွင် ငွေ၆ဘီလီယံကို ဘဏ် ၂ခုမှ ချေးယူ

Ever November | 12/02/2012 01:26:00 PM | Best Blogger Tips

လှည်းတန်း ကုန်းကျော် တံတားတည်ဆောက် မှုတွင် ငွေ ၆ဘီလီယံကို ဘဏ်၂ခုမှ ချေးယူဆောက်လုပ်နေ ရကြောင်းရွှေတောင်ဆောက်လုပ်ရေး မှ မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။ အဆိုပါ ငွေ ၆ ဘီလီယံကို စက်မှုဖွံဖြိုးရေးဘဏ်မှ ၃ ဘီလီယံနှင့် ကမ္ဘောဇဘဏ်မှ ၃ ဘီလီယံစီ ချေးယူ ထားခြင်း ဖြစ်သည်။

အတိုးနှုန်းမှာ အများပြည်သူ ချေးငွေ သတ်မှတ်ထားသော နှု န်းထားအတိုင်းသာ ဖြစ်ပြီး ယင်းအတိုးနှုန်းအား နိုင်ငံတော်ဘတ်ဂျက်မှ ထည့်သွင်းတောင်းယူသွားမည် မဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ တံတားပြီးစီးပါက ကုန်ကျငွေ ကျပ် ၁၄.၄၈၇ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားပြီး ယခုအခါ ၉ ဘီလီယံခန့် ကုန်ကျနေပြီ ဖြစ်ကြောင်း လက်ရှိ တံတား၏ ပြီးစီမှု အခြေ အနေသည် ၆၅ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်စဉ်က လေးလနှင့်အပြီး တည်ဆောက်မည်ဟုလျာထားခဲ့သော်လည်း လာမည့် ၂၀၁၃ ခုနစ် ဧပြီလရောက်မှသာပြီးစီးမည် ဖြစ်သောကြောင့် ဆယ်လနီးပါး ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။
Popular 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1