Sunday, December 2, 2012

ဒုရဲအုပ် အယောင်ဆောင်၍ ရခိုင်အမျိုးသမီးငယ် တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်မူ ရန်ကုန်တွင် ဖြစ်ပွား

Ever November | 12/02/2012 01:24:00 PM | Best Blogger Tips

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ရခိုင်အမျိုးသမီးငယ်တစ်ဦးအားတရားလိုနှင့်အမည်မသိသူ
တစ်ဦးမှ ဒုရဲအုပ် အယောင်ဆောင်ကာ ဖမ်းဆီးမူ ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အယောင်ဆောင်သူများအား ယခုအချိန်ထိ အရေးယူရန် ပျက်ကွက်နေကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်။ အမှတ်(၄) ကျောက်တော်ကြီးလမ်း၊ ၊ မရမ်းကုန်းမြို့နယ် အဆောင် တစ်ခုတွင် နေထိုင်သူ ရခိုင်အမျိုးသမီးငယ် မစုစုလိုင်အား ည(၈)နာရီ အချိန်တွင် အာရုဏ်ဦး ပီနံအိတ် ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်ခင်မျိုးဆွေနှင့် မိမိကိုယ်ကို ဘုရင့်နောင်ရဲစခန်းမှ ဒုရဲအုပ်ဆိုသူ တစ်ဦးက ငွေကြေးအလွဲသုံးစား လုပ်ထားသည်ဟု စွပ်စွဲပြီး ဘုရင့်နောင် ရဲစခန်းသို့ လိုက်ခဲ့ပါဟု ဆိုကာ ခေါ်ဆောင်သွားခဲသည်ဟု သိရသည်။

မစုစုလိုင်မှ မိမိမှာ မည်သည့် ငွေကြေးကိုမှ အလွဲသုံးစားပြုလုပ်ထားခြင်း မရှိပါဟု ပြောကြားသော်လည်း ဒုရဲအုပ် အရှိန်အ၀ါကို သုံးကာ မစုစုလိုင်အား အတင်း ခေါ်ယူသွားခဲ့သည်ဟု သိရပါသည်။

သို့သော် တရားလို ဒေါ်ခင်မျိုးဆွေနှင့် ဒုရဲအုပ်ဆိုသူတို့သည် မစုစုလိုင်အား  ဘုရင့်နောင် ရဲစခန်းသို့ လိုက်ခဲ့ပါဟု ဆိုသော်လည်း ရဲစခန်းသို့ ခေါ်ယူခြင်း မဟုတ်ဘဲ မရမ်းကုန်းမြို့နယ် အမှတ် (၃) အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူသွားခဲ့သည်ဟု ဆိုပါသည်။

အမှတ်  ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးထွန်းရှေ့တွင် မစုစုလိုင်အား ငွေ ၁၅ သိန်းကျော် အလွှဲသုံးစားမူ ပြုလုပ်သည်ဟု စွပ်စွဲပြီး ၀န်ခံ ပြောဆိုခိုင်းခဲ့သည်ဟု ဆိုပါသည်။

 မစုစုလိုင်မှ မိမိ တစ်စုံတစ်ရာ အမှား ပြုလုပ်ခဲ့ခြင်း မရှိပါကြောင်း အကြိမ်ကြိမ် ငြင်းဆန်ခဲ့သဖြင့် ၎င်းနောက်ပိုင်း မစုစုလိုင်အား ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုပါသည်။

ထိုသို့ စွပ်စွဲခံရသဖြင့် မစုစုလိုင်မှာ အကြောက်လွန်ပြီး ဆရာဝန်ပြရသော အနေအထားသို့ ရောက်ရှိလာသဖြင့် သူမ၏ အဖိုးတော်စပ်သူ ဦးဝင်း၊ အမိ-ဒေါ်ငွေသိန်း၊ ဦးလေးတော်စပ်သူ ဦးအောင်နိုင်စိုး၊  ညီအစ်ကို မောင်နှမ တော်စပ်သူ ဦးမျိုးမြင့်ဦးနှင့်  ဦးသန်းထိုက်တို့သည် ဘုရင့်နောင်ရဲစခန်းသို့ အခင်း ဖြစ်ပွားပြီး  သုံးရက်အကြာ ဇူလိုင်လ ၂၈ ရက်နေ့တွင်  သွားရောက်  မေးမြန်း စုံစမ်း ခဲ့သည်ဟု သိရပါသည်။

ဘုရင့်နောင် ရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသော  ဒု-ရဲအုပ် သက်ကိုကိုမောင်မှ မိမိတို့စခန်းမှ ဒုရဲအုပ် တစ်ဦးတစ်ယောက်ကိုမှ တာဝန်ပေးစေခိုင်းခဲ့ခြင်း မရှိပါကြောင်း၊ ထိုသို့ ဒုရဲအုပ် အမည်ဖြင့် မစုစုလိုင်အား ခေါ်ဆောင်သွားသူကို မိမိ မသိပါကြောင်းနှင့်  ဇူလိုင်လ ၂၈ ရက်နေ့ထိ  မစုစုလိုင်အား တစ်စုံ တစ်ဦးကမျှ အမူ ဖွင့်၍ မရှိခဲ့ပါကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

သို့အတွက် မိသားစုများ အိမ်သို့ စိတ်အေး လက်အေးဖြင့်  ပြန်လာခဲ့ကြသည်ဟု သိရသည်။
၎င်းနောက်ပိုင်းတွင်မှ ဒေါ်ခင်မျိုးဆွေ၊ အာရုဏ်ဦးပီနံအိတ်ရောင်းဝယ်ရေး(ပိုင်ရှင်)မှ  မစုစုလှိုင်အား ငွေစာရင်းကွာဟမှုဖြင့် ငွေကျပ် ၁၅၁၀၈၀၀၊ ရလိုမှုနှင့် တရားလိုပြု၍ ဘုရင့်နောင် စခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်ဟု ဆိုသည်။

သို့အတွက် သြဂတ်စ်လ ၇ ရက်နေ့တွင် ဒု-ရဲအုပ် သက်ကိုကိုမောင်နှင့် ရဲမေတဦး၊ အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ပေးအပ်သူ တဦးတို့သည် လာရောက်၍ မစုစုလိုင်အား ဘုရင့်နောင်ရဲစခန်းသို့ ခေါ်ဆောင်ပြီး  ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်ဟု သိရသည်။

ဘုရင့်နောင် ရဲစခန်းတွင် ချုပ်နှောင်ပြီး ၁၃ ရက်အကြာ သြဂတ်စ်လ ၂၀ ရက်နေ့တွင် ဘုရင့်နောင်ရဲ စခန်းမှ အင်းစိန် ဗဟိုထောင်သို့ ပို့ဆောင် ချုပ်နှောင်ထားသည်။

မစုစုလှိုင်သည် အာရုဏ်ဦး ပီနံအိတ်ရောင်းဝယ်ရေး၊ မဋ-၁၃/ ယုဇနလမ်း၊ ၁ရပ်ကွက်၊ ဘုရင့်နောင် ပွဲရုံတန်း မရမ်းကုန်းမြို့နယ်တွင် အရောင်းစာရေး တာဝန်ဖြင့် (အစမ်းခန့်ကာလ) ၂၀၁၂ ခုနှစ်မေလ ၅ နေ့မှ စတင်၍ လုပ်ကိုင်ခဲ့ပါသည်။

အလုပ် လုပ်ပြီး ၃၈ ရက် အကြာ  ဇွန်လ ၁၃ ရက်နေ့တွင် ရခိုင်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် မွတ်ဆလင် ဆိုင်တွင် အလုပ် လုပ်ရန် မသင့်တော်၍ အလုပ်မှ နုတ်ထွက်ခဲ့ပါသည်။

အလုပ်မှ နုတ်ထွက်ပြီး (၄၂) ရက်ကြာမှ ဇူလိုင်လ ၂၅ ရက်နေ့တွင် အလုပ်တွင် စာရင်းဇယားကွာဟ မှုရှိသည်ဟုဆိုကာ အလုပ်ပိုင်ရှင် ဒေါ်ခင်မျိုးဆွေမှ တရားစွဲဆိုခဲ့သည်ဟု သိရသည်။

မစုစုလှိုင်မှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဆင်တန်းရှောင်ကျေးရွာမှဖြစ်ပြီး B.Sc (Zoology) ဖြင့် ဘွဲ့ရထားသူတဦးဖြစ်သည်။

မစုစုလှိုင်အမှုအား နိုဝင်္ဘာလ ၃၀ ရက်နေ့ကမရမ်းကုန်းမြို့နယ်တရားရုံး၌ကြားနာချိန်တွင်ရခိုင်သံဃာတော် များနှင့် ရခိုင်အမျိုးသား ၂၀ ခန့် တက်ရောက် ကြားနာခဲ့သည်။ သို့သော်လည်း အမူကိုတစ်စုံတစ်ရာ စစ်ဆေးခြင်း မရှိကြောင်း သိရသည်။

နိရဉ္စရာသတင်းဌာန

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1