Thursday, December 6, 2012

ဝိုင်းစုခိုင်သိန်းပြောတဲ့ ဝိညာဉ် ဇာတ်ကားအကြောင်း

Ever November | 12/06/2012 05:33:00 PM | Best Blogger Tips

ဝိုင်းစုခိုင်သိန်းက ဒါရိုက်တာနေပိုင် ရိုက်ကူးတဲ့ “ဝိညာဉ်ဆိုတဲ့သီချင်းသံ” ဇာတ်ကားမှာ ပြေတီဦး၊ ဝတ်မှုံရွှေရည်တို့နဲ့ သရုပ်ဆောင်ထားပါတယ်။ ဝိညာဉ် ဇာတ်ကားလေး ဖြစ်ပြီး ဒီဇာတ်လမ်းကို ရိုက်ကူးရ
တာ တအား ပင်ပန်းခဲ့ကြောင်းကိုလည်း ဝိုင်းစုခိုင်သိန်းက ပြောပြခဲ့ပါတယ်။

“ဒီဇာတ်ကားမှာ ပေါ့ပေါ့ပါးပါး ဇာတ်ဝင်ခန်းက ၃၊ ၄ခန်း လောက်ပဲပါတယ်။ ဇာတ်ဝင်ခန်း တိုင်းက တအားပင်ပန်းပြီး အကုန်လုံးက အသေအကြေ လုပ်ရတဲ့ ဇာတ်ဝင်ခန်းတွေပဲ။ ဇာတ်ဝင်ခန်းတိုင်း ငိုရတယ်။ ရိုးရိုးတန်းတန်း မဟုတ်ဘူး။ အိုက်တင်တွေ မု(ဒ်)တွေ အကုန်ပါတယ်။ ဝိုင်းစုက ဒီဇာတ်ကား မှာ ဗန့်လိုမျိုး ဟဲဗီးကြီး လုပ်ရတာမျိုးတော့ မဟုတ်ဘူး။ သူငယ်ချင်းကို လည်း ချစ်တယ်။ ကစ်ကစ်ကိုလည်းချစ်တယ်။ သူသေသွားတာ့ စောင့်ရှောက်ပေး ချင်တဲ့ စိတ်ဖြစ်ပေါ်ဖို့အတွက် ကိုယ့်ရဲ့ဇာတ်ရုပ် ကိုယ်ပေါ်ဖို့အတွက် အားလုံးကသရုပ်ဆောင် ရတာ ဆိုတော့ တအား ပင်ပန်းတယ်။ သရုပ် ဆောင်ရတာလည်း ဟဲဗီး အိုက်တင်တွေ များတယ်” လို့ ဇာတ်ကားရိုက်ကူးရင်း ပင်ပန်းခဲ့ရပုံ အကြောင်း ဝိုင်းစုခိုင်သိန်း က ပြောပါတယ်။

ဒီဇာတ်ကား ရိုက်ကူးရင်းဘယ်လို အမှတ်တရ ဖြစ်စရာကြုံရလဲလို့ မေးတော့ “နိုဝင်ဘာ ည ၂၂ရက်၊ ညကမှ ဇာတ်ကားရိုက်ပြီးတယ်။ မနေ့ကလယ်ကွင်း ထဲမှာ ရိုက်ရတယ်။ ကစ်ကစ်က လယ်ကွင်းထဲက သစ်ပင်အခြောက်ကြီး မှာနေတာ အဲဒီနေရာမှာ သွားရိုက်ရတယ်။ ကွင်းပြင်အလယ်ကြီး သစ်ပင် ထီးထီးကြီး ရှိတာ ဆိုတော့ ရိုက်မယ် ဆိုပြီးသွားတော့ ဒိုင်ယာလော့ခ်လည်း ချပြီးရော ညဘက်ကြီး မိုးတွေ ရွာလာတယ်။ ထီးကလည်း ၂ချောင်းပဲ ပါတယ်။ ကိုပြေတီဦးရော၊ သူ့ရဲ့ တပည့်တွေရော၊ ဝိုင်းစုတို့ မိတ်ကပ် ဆရာတွေရော၊ အိမ်က ကောင်မလေး တွေရော၊ အကုန်လုံး ထီး၂ချောင်းထဲမှာ ပြုံပြီးနေနေရတယ်။ မိုးတိတ်လို့ ရိုက်လည်းရိုက်ရော မီးခိုးငွေ့တွေ လုပ်ရတယ်။ မီးခိုးငွေ့လုပ်တော့ မွှန် တာပေါ့။ အပေါ်က မီးထိုးလိုက်တော့လည်း ဆောင်းတွင်းဆိုတော့ အကောင်တွေ အများကြီးပဲ။ အကောင်တွေလည်း ကိုက်ခံရတယ်” လို့ ရိုက်ကွင်း အမှတ်တရတွေကို ပြန်ပြောပြခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းက နိုဝင်ဘာ ၂၃ရက်နေ့ တာချီလိတ်မှာ သီချင်းသွား ဆိုခဲ့ပါတယ်။ နောက်ထပ် လည်း တောင်ကြီး၊ ပြင်ဦးလွင်၊ သထုံ၊ လက်ပံတန်းမြို့တွေ ကိုလည်း သွားဖို့ ရှိပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ ဘန်ကောက်ကို သီချင်းသွားဆို မှာဖြစ်ကြောင်းပြောပါတယ်။ ပွဲတော်ရာသီဖြစ်တဲ့ အတွက် ရှိုးပွဲ တွေအဆိုများနေပြီး ဇာတ်ကားကိုတော့ တစ်လ တစ်ကားနှုန်းနဲ့ပဲ လက်ခံထားကြောင်း နောက်လတွေမှာတော့ ပုံမှန်အတိုင်း ဇာတ်ကားတွေပြန်လည် ရိုက်ကူးမှာဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1