ရန်ကုန်
တိုင်းဒေသကြီးလွှတ်တော်၌ ယနေ့ နေ့လည် ၁၁ နာရီမှ၄၅မိနစ်အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ
သတင်းစာရှင်းလင်းပွဲ၌ ကော်မရှင်၏စုံစမ်းမှုများကို အခါအားလျှော်စွာ
သတင်းထုတ်ပြန်ခြင်းမှလွဲ၍ သတင်းထောက်များကို သီးခြားပြောဆိုမည်
မဟုတ်ကြောင်း၊ သပိတ်စခန်းဖြိုခွင်းမှုနှင့် ပတ်သက်၍ စုံစမ်းစစ် ဆေးပြီး
အဖြေပေါ်မှသာထုတ်ပြန်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။
ထို့ပြင်စီမံကိန်းအား
သဘောတူညီချက်စာချုပ်ဖြင့်လုပ်ဆောင်နေသည်ကိုနားလည်ထားရမည် ဖြစ်ကြောင်း၊
လူတိုင်းတရားဥပဒေ၏အကျိုးခံစားပိုင်ခွင့်ရှိကြောင်းကိုတည်ဆောက်နေသဖြင့်တရားဥပဒေအတိုင်း ဆောင်
ရွက်သွားမည် ဖြစ်ကြောင်း၊တရားဥပဒေစိုးမိုးရေးကိုဦးထိပ်ထား၍နားလည်မှုနှင့်အားလုံးအဆင်ပြေ အောင်
လည်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကသတင်းထောက်များကို ပြောကြား
ခဲ့သည်။
"အချက်တွေဖြုတ်ပယ်တာ
မဟုတ်ဘူး။ ကိုက်ညီအောင် ပြန်ပြီးပြင်ရတာပါ။ ဒါက ပြည်သူ့လွှတ်တော်ရဲ့
ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရတာပါ။ လုပ်ပိုင်ခွင့်တွေကိုလဲအချက်သစ်တစ်ချက်ပြန်ထည့်ထားပါတယ်။ မုံရွာမှာ ဆန္ဒပြမှုကြောင့်
ဖမ်းဆီးထားတဲ့သူတွေ မရှိပါဘူး။ ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။
ဒါတွေကိုလည်းရဲကနေတစ်ဆင့်စုံစမ်းရေးကိုတိတိကျကျ ဆောင်ရွက်နေပါတယ်"ဟု
ဒေါ်အောင်ဆန်းစုကြည် က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းကိစ္စနှင့်ပတ်သက်၍ ပြင်ပပညာရှင်များနှင့်သာ
ဆွေးနွေးတိုင်ပင် သွားမည်ဖြစ်ပြီး၊ အစိုးရနှင့်ပတ်သက်သောပညာရှင်များနှင့်
ဆွေးနွေးသွားမည်မဟုတ်ကြောင်းကိုလည်း သိရသည်။
"အစိုးရရဲ့ပညာရှင်တွေနဲ့ညှိနှိုင်းလုပ်ဆောင်သွားမယ်ဆိုရင် မေးခွန်းထုတ်စရာတွေ ပေါ်လာနိုင်တယ်"ဟု
ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ထို့အပြင်
ကော်မရှင်၏စုံစမ်းစစ်ဆေးမှုရလာဒ်များအား ပြည်သူအားလုံးက
ကျေနပ်နိုင်လိမ့်မည်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင်စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုပြန်လည်ဖွဲ့စည်းရာတွင်လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
"စုံစမ်းရေးမှာ
ဘယ်တော့မှ အားလုံးကျေနပ်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျမတို့
မြင်ရင်မြင်တဲ့အတိုင်း အဖြေကိုတင်ပြသွားမှာပါ။မကျေနပ်တဲ့သူကလဲရှိမယ်၊
ကျေနပ်တဲ့သူကလဲရှိမယ်"ဟု ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်များ၏
မေးမြန်းမှုအားပြန်လည်ဖြေဆိုသည်။
မြစ်မခ
No comments:
Post a Comment