Thursday, December 6, 2012

ရှုံးထွက် အဆင့်တွင် ရီးရဲနှင့် တွေ့ဆုံလိုဟု ဘိုနုချီ ပြောကြား

Ever November | 12/06/2012 05:39:00 PM | Best Blogger Tips

အုပ်စုနောက်ဆုံး ပွဲတွင် ယူကရိန်း ချန်ပီယံ ရှက်တာဒိုးနက်ကို အနိုင်ယူကာ အုပ်စုဗိုလ် အဖြစ်ဖြင့် ရှုံးထွက် အဆင့်သို့ တက်ရောက်နိုင် ခဲ့ပြီ ဖြစ်သည့် အီတလီ နာမည်ကြီး ဂျူဗင်တပ်၏ အဓိကနောက်ခံလူ ဘိုနုချီက ရှုံးထွက်အဆင့်တွင် စပိန်ဘီလူးကြီး ရီးရဲနှင့် တွေ့ဆုံလိုကြောင်း ဖွင့်ဟခဲ့သည်။

ဂျူဗီသည် အုပ်စုနောက်ဆုံး ပွဲတွင် ဂျီယိုဗင်ကို၏ တစ်လုံးတည်းသော ဂိုးဖြင့် ရှက်တာကို အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂျူဗီသည် ထိုပွဲတွင် တစ်မှတ်သာ  လိုအပ်သော်လည်း အနိုင် ကစားခဲ့ခြင်း ဖြစ်သည်။ အုပ်စုဗိုလ်ဖြစ်ခဲ့သည့် ဂျူဗီသည် ရှုံးထွက်အဆင့်တွင် အုပ်စုဒုတိယ အသင်းများ ဖြစ်သည့် ရီးရဲ၊ အာဆင်နယ်၊ ဆဲတစ်၊ ဗလင်စီယာ၊  ဂါလာတာဆာရေး တို့အနက်မှ တစ်သင်းသင်းနှင့် တွေ့ဆုံရမည် ဖြစ်ရာ ဘိုနုချီက ရီးရဲကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

"အသင်းတွေကို ကြည့်လိုက်ပါ။ အကုန်လုံးက တောင့်တင်းတဲ့ အသင်းတွေချည်းပဲ။ ဒီထဲမှာမှ ရီးရဲက ပိုကောင်းတယ်။ ဘယ်သူနဲ့ တွေ့တွေ့ ခက်မယ် ဆိုတာကတော့ သေချာပါတယ်။  ဒါပေမဲ့ တွေ့ချင်တဲ့ အသင်းကို ရွေးကြစတမ်းဆိုရင် ရီးရဲကို ကျွန်တော်ရွေးမယ်။ တောင့်တင်းတဲ့ ပြိုင်ဘက်ကောင်း ဖြစ်သလို သူတို့ကွင်း ဘာနေဗျူးမှာလည်း ကျွန်တော် သွားမကစား ဖူးသေးဘူးဗျ" ဟု ဘိုနုချီက ရီးရဲနှင့် တွေ့ဆုံလိုသည့် သူ၏ အကြောင်းပြချက်ကို ရှက်တာနှင့် ပွဲအပြီးတွင် သတင်းသမားများထံ ပြောပြခဲ့ခြင်း ဖြစ်သည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1