Thursday, January 31, 2013

30.1.2013 မှ 6.2.2013 အထိ ၇ရက်သားသမီး ဟောစာတမ်း

Ever November | 1/31/2013 06:22:00 PM | Best Blogger Tips
တနင်္ဂနွေ
၂၀၁၃ ခုနှစ် ဇန်နဝါရီ ၃၀၊ ၃၁၊ ၁၊ ၂ရက်အထိ စိတ်ရှုပ်စရာတွေ ကြုံနေမည်။ စကားများ ရန်ဖြစ်စရာတွေကြုံရမည်။ ငွေဝင်သော်လည်း ကုန်ကျစရိတ်များ၍ ငွေကြေးအဖတ် မတင် ဖြစ်မည်။ ချစ်သူ (သို့) အိမ်ထောင်ဖက်နှင့် စကားများရန်ဖြစ်မည်။ လုပ်ငန်းအတွက် သတင်းကောင်းကြားရမည်။ ဖေဖော်ဝါရီ ၃ရက်မှ ၈ရက်အတွင်း ခရီး ထွက်ရမည်။ အဆင်ပြေမှုများဖြစ်မည်။ စိတ်တိုင်းကျ စရာအနည်းငယ်ကြုံသော်လည်း ကူညီသူပေါ်လာ၍ အဆင်ပြေသွားမည်။ စက်၊ ရွှေ၊ မြေတို့ အရောင်းအဝယ်ဖြစ်မည်။ အပြစ်တင်ခံရကိန်းရှိ၍ ဂရုစိုက်ပါ။
 
အကျိုးပေးဂဏန်း  - ၃၊ ၆၊ ၉။
အထူးဟော         - အတိုက်အခံရှိသည်။ သတိထားပါ။
ယတြာ         - မြောက်အရပ်က အသက်ကြီးအဖွားအိုကို အလှူအတန်း ပြုလိုက်ပါ။
 
တနင်္လာ
၂၀၁၃ ဇန်နဝါရီ ၃၀၊ ၃၁၊ ၁ ရက်တို့တွင် မမျှော်လင့်သော ခရီး ယာယီလေးတွေ  ရောက်ဖြစ်မည်။ ပျော်ရွှင်ရသော ခရီးတွေဖြစ် မည်။ ဆွေမျိုးသားချင်း အရေးတွေ ဆောင်ရွက်ပေးရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးလည်း အဆင်ပြေလာ မည်။ ထီပေါက်ကိန်း ရှိ၍ ထီထိုးပါ။ ၁ ထိပ်၊ ၂ ထိပ်၊ နောက်ပိတ် ၇၊ ၈၊ ၉ ဖြင့်ထိုးပါ။ စီးပွားရေး စပ်တူလုပ်ရတတ်သည်။ ဖေဖော်ဝါရီ ၂၊ ၃၊ ၄၊ ၅၊ ၆ ရက်တွေမှာ အလုပ်နှင့် ပတ်သက်၍ ကောင်းသတင်းကြားရမည်။ စက်၊ မြေ ပြောင်းလဲမှု ဝင်၊ ထွက် မှုဖြစ်မည်။ ရစရာငွေတို့ ရမည်။ စာမေးပွဲ ဖြေဆိုမှု အင်တာဗျူး တို့အောင်မြင်မည်။
 
အကျိုးပေးဂဏန်း  - ၂၊ ၄၊ ၈။
အထူးဟော         - ကံကောင်းသောကာလဖြစ်ပါသည်။
ယတြာ         - ငါးအရှင် ၁၅ ကောင်အရှေ့ရပ်တွင်လွှတ်ပါ။
 
အင်္ဂါ
၂၀၁၃ ဇန်နဝါရီ ၃၀၊ ၃၁၊ ၁၊ ၂ ရက်တွေ မှာ စိတ်လောမှု၊ စိတ်မြန်မှု၊ ဆန္ဒစောမှုတွေ ကြောင့် အမှားမှားအယွင်းယွင်း တွေဖြစ်တတ်ပါသည်။ ခရီးယာယီသွားဖြစ်ပါမည်။ ငွေကြေးကိစ္စ ပြောရရှင်းရတတ်သည်။ အချစ်ရေးအတွက် မပြတ်မသား မှုတွေကြောင့် စိတ်ရှုပ်ရမည်။ ငွေ၊ ပစ္စည်း ပျောက်တတ်သည်။ ဇန်နဝါရီ ၃ရက်မှ ၆ရက်အတွင်း အဆင် ပြေမှု ၊ ရန်သူက မိတ်ဆွေပြောင်းလဲမှု တွေဖြစ်လာမည်။ အတိုက်အခံတွေပြေလည် မည်။ အလုပ်အကိုင် အဆင်ပြေတိုးတက်မည်။ စက်၊ ပစ္စည်း ပြောင်းလဲဝင်ထွက်မည်။
 
အကျိုးပေးဂဏန်း  - ၃၊ ၅၊ ၈။
အထူးဟော         - သတိတရားလက်ကိုင်ထားပါ။
ယတြာ         - အရှေ့အရပ်ကို အင်္ဂါနေ့ တွင် လမ်းသန့်ရှင်းရေးလုပ်ပါ။
 
ဗုဒ္ဒဟူး
 
၂၀၁၃ ဇန်နဝါရီ ၃၀၊ ၃၁ ရက်တွေမှာ အေးအေးဆေးဆေးပါပဲ ရည်ရွယ်ချက်တွေရှိပြီး အကောင်အထည်မဖော်နိုင်ဖြစ်နေရတတ်သည် ။   ငွေဝင်ကိန်းရှိသည်။ စက်၊ ပစ္စည်းရ ကိန်းရှိသည်။ ကူညီသူရှိမည်။ ဇန်နဝါရီ ၁မှ ၆ရက်အတွင်းကံကောင်း ခြင်းများ ပျော်ရွှင် မှုများဝမ်းသာ စရာများဖြစ်မည်။ လက်ဆောင်ရမည်။ အချစ်ရေးအဆင်ပြေမည်။ သို့သော် ချစ်သူ ၁ ယောက်ရဲ့စိတ်ကောက်မှုတော့ ဖြစ်မည်။ စာမေးပွဲဖြေဆိုမှု များ အောင်မြင်မှုရမည်။ ခြေ၊ လက်ခိုက်မိတတ်၍ ဂရုစိုက်ပါ။ စီးပွားရေးလုပ်လျှင်အောင်မြင် မည်။
 
အကျိုးပေးဂဏန်း  - ၄၊ ၉၊ ၆။
အထူးဟော         - အဆင်ပြေသောရက်တွေဖြစ်လာမည်။
ယတြာ         - တောင်အရပ်ရှိ လမ်းကို ဗုဒ္ဒဟူးနေ့တွင် သန့်ရှင်းရေးလုပ်လိုက်ပါ။
 
ကြာသပတေး
 
၂၀၁၃ ဇန်နဝါရီ ၃၀၊ ၃၁၊ ၁၊ ၂ ရက်တွေမှာလုပ်ငန်းတစ်မျိုး (သို့) အစီအစဉ်တစ်ခု စတင်ဆောင်ရွက်ဖြစ်မည်။ အစပိုင်းအဆင်မပြေ၍ စိတ်ဓာတ်မကျသင့်ပါ။ ငွေကြေး အလိမ်ခံရတတ်၍ ဂရုစိုက်ပါ။ မိဘသားချင်းကျန်းမာရေးချူချာမည်။ ကံကောင်း၍ ပြန် ကျန်းမာလာမည်။ စက်၊ ယာဉ်တို့ပြောင်းလဲဝင်ထွက်မည်။ ဇန်နဝါရီ ၃ရက်မှ ၆ရက် အတွင်း အားလုံးအဆင်ပြေမည်။ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်အားလုံးအဆင် ပြေလာမည်။ ကိုယ်ပိုင်အလုပ်ကောင်းမည်။ ခရီးဝေးယာယီသွားရမည်။ အချစ်ရေး အဆင်ပြေမည်။ ပညာရေး၊ အင်တာဗျူး အောင်မြင်မည်။
 
အကျိုးပေးဂဏန်း  - ၅၊ ၀၊ ၁။
အထူးဟော         - အခက်အခဲတွေကျော်လွှားပြီးမှ အောင်မြင်မည်။
ယတြာ         - ကြာသပတေးနေ့နံနက်တွင် အောင်သပြေ ၁၉ညွန့် ဘုရားလှူပါ။
 
သောကြာ
 
၂၀၁၃ ဇန်နဝါရီ ၃၀၊ ၃၁၊ ၁၊ ၂ ရက်တို့တွင် ကြံစည်စိတ်ကူးမှုများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မှုများအောင်မြင်မည်။ ခရီးယာယီတွေသွားရမည်။ စာမေးပွဲ ဖြေဆိုမှု အင်တာဗျူး များအောင်မြင်မည်။ သားချင်းဆွေမျိုး အတွက်စိတ်ရှုပ်ရမည်။ ငွေဝင်မည်။ စက်ပစ္စည်းဝင်မည်။ ထီထိုးပါ။ ထီပေါက်မည်။ ၆၊ ၈ အစ ၁၊ ၂၊ ၃ အဆုံး ဂဏန်းကို ထိုးပါ။ ဇန်နဝါရီ ၃မှ ၆ရက်အတွင်း ကံကောင်းသတင်းကြားရမည်။ လက်ထပ် မင်္ဂလာမြင်သည်။ ဝင်ငွေကောင်းမည်။ စီးပွားတက်မည်။ မြေ၊ စက် ဝင်ထွက်မည်။ ကြီးသူ မိန်းမ ၁ ယောက်ကျန်းမာရေးချူချာမည်။
 
အကျိုးပေးဂဏန်း  - ၆၊ ၁၊ ၉။
အထူးဟော         - လူယုံမထားရ၊ လူပေါင်းမှားမည်။
ယတြာ         - သောကြာနေ့နံနက်တွင် မြောက်အရပ်ရှိ ငါး၊ ငှက်တွေ ကို အစာကျွေးပါ။
 
စနေ
 
၂၀၁၃ ဇန်နဝါရီ ၃၀၊ ၃၁၊ ၁၊ ၂ရက်တို့တွင် ခရီးစဉ်များမည်။ လုပ်ဆောင်မှုများအောင် မြင်မည်။ အပေါင်းအသင်း အဟောင်းတို့   ပြန်တွေ့မည်။ မိတ်ဆွေ သူငယ်ချင်းဟောင်း တို့ အကူအညီဖြင့် အလုပ်အကိုင်တစ်ခု အကောင်အထည်ဖော်မည်။ အောင်မြင်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေမည်။ သို့သော် ခေတ္တခွဲနေရတတ်သည်။ ဇန်နဝါရီ ၃ မှ ၈ရက် အတွင်းကံကောင်းမည်။ အင်တာဗျူး (သို့) စာမေးပွဲ များဖြေဆိုမှု အောင်မြင်မည်။ ခြေ၊ လက်တို့ ထိရှတတ်၍ ဂရုစိုက်ပါ။ ဆန္ဒစောမှုတွေဂရုစိုက်ပါ။ ပစ္စည်း၊ ငွေပျောက်တတ်၍ ဂရုစိုက်ပါ။ စပ်တူရှယ်ယာအောင်မြင်မည်။ ထီထိုးပါ။ ထီပေါက်မည်။ ၃၊ ၅၊ ၇ အစ ထား၍ ၁၊ ၂၊ ၆ နောက်ပိတ်ထိုးပါ။ မိသားစုသားချင်း အတွက် လုပ်ဆောင်မှုတွေအောင်မြင်မည်။
 
အကျိုးပေးဂဏန်း  - ၇၊ ၉၊ ၀။
အထူးဟော         - ကံကောင်းပါသည်။
ယတြာ         - စနေနေ့တွင် တောင်အရပ်ရှိ သက်ကြီးရွယ်အိုတို့ကို ကုသိုလ် ပြုပါ။
ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1