Friday, January 11, 2013

9.1.2013 မှ 15.1.2013 ထိ ၇ရက်သားသမီးများအတွက် ဟောစာတမ်း

Ever November | 1/11/2013 10:15:00 AM | Best Blogger Tips
တနင်္ဂနွေ
          ရည်ရွယ်ချက်များပြီး စိတ်တိုင်းမကျ ဖြစ်နေမည်။ လူယုံထားပြီး စကားကုန်အောင်မပြော နှင့် ၊ လူပေါင်းမှားဖို့ရှိသည်။ ခရီးအတိုအထွာများသွားရမည်။ အချစ်ရေး အဆင်မပြေဖြစ်မည်။ ချစ်သူလုခြင်း ခံရမည်။ ပစ္စည်းပျောက်တတ်၍ ဂရုစိုက်ပါ ။ ငွေလိမ်ခံရကိန်း ရှိသည်။ ငွေမချေးနှင့် ။ ခြေလက် အနာရကိန်းရှိသည်။ကြီးသူတစ်ဦး ချူချာမည်။ အလုပ်ရာထူးတက်မည်။ စာမေးပွဲအောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ။ အောင်မြင်မည်။
 
အကျိုးပေးဂဏန်း - ၇ ၊ ၅ ၊ ၆။
အထူးဟော - ကံကောင်းမည်။
ယတြာ - ဘုရားကို အောင်သပြေ (၁၉) ညွန့် လှူပါ။
 
တနင်္လာ
          ဒီတပတ် ကံကောင်းပြီ။ အစစအရာရာ အဆင်ပြေမည်။ ရည်ရွယ်ထားသော ကိစ္စများ နှင့် မရည်ရွယ်သော ကိစ္စတွေ ပါအောင်မြင်မည်။ စက်ပစ္စည်း ချွတ်ယွင်းတတ်သည်။ ကျန်းမာရေး ကောင်းသည်။ ငွေဝင်ကောင်းမည်။ စပ်တူလုပ်ငန်းအောင်မြင်မည်။ မင်္ဂလာပွဲဖြစ်မည်။ မိဘ သားချင်းတို့ သဘောမတူ သဘောတူ ပြသာနာ တက်ပြီးမှ လက်ထပ်ဖြစ်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ နေရာကောင်းပြောင်းရမည်။ အကူအညီပေးသူပေါ်မည်။
 
အကျိုးပေးဂဏန်း - ၃ ၊ ၅ ၊ ၁။
အထူးဟော - အားလုံးအဆင်ပြေမည်။
ယတြာ - ငါး (၁၅) ကောင်း အရှေ့အရပ်သို့ ၀ယ်လွှတ်ပါ။
 
အင်္ဂါ
          ချစ်သူ အသစ်တွေ့မည်။ အချစ်ဟောင်း နှင့် လမ်းခွဲရတတ်သည်။ ခရီးဝေးတစ်ခု သွားရမည်။ အိမ်ပြောင်း ၊နေရာ   ပြောင်းဖြစ်မည်  ။ ၀င်ငွေထွက်ငွေ ကြမ်းမည်။ အမွေရမည်။ ထီပေါက်မည်။ ပြသာနာ သေးဖွဲဖြေရှင်းရတတ်သည်။ အောင်မြင်မည်။ ကား ၊ တိုက် တို့ ၀င် ၊ ထွက်မည်။ စပ်တူရှယ်ယာ မလုပ်သင့်ပါ။ လုပ်ငန်းသစ်အောင်မြင်မည်။ အင်တာဗျူး ၊ စာမေးပွဲ အောင်မြင်မည်။
 
အကျိုးပေးဂဏန်း - ၃ ၊ ၅ ၊ ၂။
အထူးဟော - အခက်အခဲကြုံပြီးမှ အောင်မြင်မည်။
ယတြာ - အင်္ဂါနေ့နံနက်တွင် သံဃာတော်များ ကို ဆွမ်း နှင့် အကြော် ဆွမ်းလောင်းပါ။
 
ဗုဒ္ဒဟူး
          ချုပ်ချယ်မှု၊ တားမြစ်မှု ခံနေရသည့်ကြားက လွတ်လပ်စွာ ရုန်းထွက်နိုင်မည်။ လွတ်လပ်စွာ ခရီးသွားဖြစ်မည် ။ ဆောင်ရွက်နှင့်   ပြီးသောကိစ္စများအောင်မြင်မည်။ ဖြေဆိုပြီးသော စာမေးပွဲများ အောင်မြင်မည်။ အတိုက်အခံတွေကြုံမည်။ ကျော်လွှားအောင်မြင်မည်။ စွဲလန်းသူတွေ့မည်။ လက်ဆောင်ရမည်။ စက် ၊ ပစ္စည်း ရွှေ ၀င်မည်။ ခြေ ၊ လက်ခိုက်မိတတ်သည်။
 
အကျိုးပေးဂဏန်း - ၄ ၊ ၂ ၊ ၇။
အထူးဟော - ဆန္ဒတွေအောင်မြင်မည်။
ယတြာ - ဘုရားကို ရေသက်စေ့ ရေသပ္ပါယ်ပါ။
 
ကြာသပတေး
 
          ရှေ့ပြောနောက်ကြည့်ပါ။ အသွားမတော် တစ်လှမ်း အပြောမတော် တခွန်း ဖြစ်တတ်သော ကာလဖြစ်ပါတယ်။ ဆန္ဒမစော သင့်ပါ။ လူတစ်ချို့၏ အထင်လွဲခြင်းခံရမည်။ လုပ်ငန်းတစ်ချို့ ကြန့်ကြာပြီးမှ အောင်မြင်မည်။ အတိုက်အခံတွေ ကြုံမည်။ လုပ်ငန်းမှာ အနှောင့်အယှက်ပေးလာမည်။ အချစ်ရေး ၊  အိမ်ထောင်ရေး အထင်လွဲစရာ များဖြစ်ပေါ်လာလိမ့်မည်။ စွန့်စားမှု၊ စူးစမ်းမှု များ လုပ်ဖြစ်မည်။ အောင်မြင်မည်။ သို့သော် မလိုသူ တစ်စု၏ ရန်ငြိုးဖွဲ့ခြင်းခံရမည်။ အစုလိုက် ငွေရမည်။ လုပ်ငန်းတိုးချဲ့ဖြစ်မည်။
 
အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၁။
အထူးဟော - အောင်မြင်မည်။
ယတြာ - ကြာသပတေး နေ့တွင် အောင်သပြေ ၁၉ ညွန့်လှူပါ။
 
သောကြာ
 
          စိတ်လေနေမည်။ ဆန္ဒစောမှုတွေ ဖြစ်နေမည်။ လူမှုရေး အလုပ်များ မိသားစု အရေးများ လုပ်ကိုင်နေရတတ်သည်။ ကျန်းမာရေး ချူချာမည်။ ကား ၊ ဆိုင်ကယ် ခိုက်မိတတ်သည်။ ငွေကြေးကိစ္စ စကားပြောရတတ်သည်။ ထီပေါက်ကိန်းရှိသည်။ ရှယ်ယာအလုပ်လုပ်ရမည်။ အလုပ်ကိစ္စ ဖြေရှင်းရတတ်သည်။ အချစ်ရေး အဆင်ပြေမည်။ ချစ်သူ ၁ယောက်မက များပြားမည်။ စက်ရွှေတို့ဝင်မည်။ မရောက်ဘူးသော ခရီးတို့ရောက်မည်။
 
အကျိုးပေးဂဏန်း - ၁ ၊ ၉ ၊ ၆။
အထူးဟော - ဂရုစိုက်ပါ။
ယတြာ - သစ်သီး ၉ မျိုး ဘုရားလှူပါ။
 
စနေ
          ရည်ရွယ်ချက်များနေမည်။ ဆုံးဖြတ်ချက်ချရန် အခက်အခဲတွေဖြစ်နေမည်။  သို့ပေမဲ့ သင်ကံကောင်းလာမှာပါ။ လုပ်ငန်းပြောင်းလဲမှုဖြစ်မည်။ လုပ်ငန်းသစ်တစ်ခုရမည်။ အချစ်ရေးကောင်းသည်။ မိဘ သဘောမတူ သောသူ နှင့် ရည်းစားဖြစ်မည်။ ကိုယ်ချစ်တဲ့သူ မယူဖြစ်ပါ။ မိဘသဘောတူသူကို ယူဖြစ်မည်။ စာမေးပွဲအောင်မြင်မည်။ ခရီးဝေးတွေထွက်မည်။ အလုပ်ရမည် ။   ခြေ၊လက်တို့ ခိုက်မိမည်။ ထီထိုးပါ။ ထီပေါက်မည်။
 
အကျိုးပေးဂဏန်း - ၇ ၊၀ ၊ ၁။
အထူးဟော - သင်ကံကောင်းပါပြီ။
ယတြာ - စနေနေ့ နံ ဘုရားကို ဒါန်း ၇ ညွန့်ကပ်လှူပါ။
ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1