Friday, January 11, 2013

အကယ်ဒမီ ကောလာဟလများ အကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ပြောကြား

Ever November | 1/11/2013 03:21:00 PM | Best Blogger Tips

၂ဝ၁၁ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ ရွှေစင်ရုပ် ၁၁ ဆုကို ပေးအပ်ခဲ့သည့်အပေါ် ၂ဝ၁၁ ခုနှစ် အကယ်ဒမီ ပေးပွဲသည် ပရိသတ် များနှင့် အနုပညာ ရှင်များကြားမှာ မလိုလားအပ်သည့် အထင်အမြင် လွဲမှားမှုများ ပေါ်ထွက်လာခဲ့ပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း က ‘ ထာဝရအလင်းတန်းများ ဇာတ်ကားက တရုတ်ကား ကို ကော်ပီကူးတာလား၊ မှီငြမ်း ထားတာလားဆိုတာ ကျွန်တော်မသိဘူး။ သိသိမသိသိ ဒီကား ဆုရခြင်း၊ မရခြင်းမှာ လည်း ဆုရွေးချယ်တဲ့ ဘုတ်အဖွဲ့ မှာ ကျွန်တော်မပါပါဘူး။ သို့သော် ကျွန်တော် ရုပ်ရှင် လောကသား တစ်ဦး အနေနဲ့ ပြောရရင် အရင်တုန်းက မြန်မာ့ ရုပ်ရှင်ခေတ် အဆက် ဆက်မှာ ဒီလို မှီငြမ်းတဲ့ကားတွေ ဆုရပါတယ်။ ကျန်တာကတော့ ကျွန်တော်ပါဝင်ပြီး ပတ် သက်တာမျိုး မရှိတဲ့အတွက် ဒီလောက်ပဲ ရှင်းပြနိုင်ပါတယ်’ဟု ထာဝရ အလင်း တန်းများ ဆု(၈) ဆုရခြင်းနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

အခုနှစ် အကယ်ဒမီဆု ထူးချွန် ဆုပေးပွဲ အပြီးမှာ ထာဝရ အလင်းတန်းများ ဇာတ်ကားဆု ၈ဆုရရှိတဲ့ အပေါ် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းတို့ ပူးပေါင်း ပြီးလုပ်ထားတဲ့ အတွက်ပါ လို့ ပြောကြ ဝေဖန်ကြ တဲ့စကားတွေ အပေါ်မှာ ကော ဘယ်လို များပြောချင်ပါလဲ လို့ မေး ကြည့်တော့..

”ဒါကတော့ အခြေအနေမှန် ကို မသိတဲ့လူတွေရဲ့ဝေဖန်သံပဲဖြစ် တယ်။ တချို့က လည်း ဒီဆုပေး ပွဲကို ရုပ်ရှင်အစည်းအရုံးက ပေးတယ်လို့ ယူဆနေကြတယ်။အမှန် တကယ် ကတော့ ၂ဝ၁၃ ပြက္ခဒိန် အတွင်း ရောက်မှသာလျှင် ရုပ်ရှင် ထူးချွန်ဆုကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ပေးမှာဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း ဂျာနယ်လစ် အယောက်၆ဝကျော်နဲ့တကွ သက် ဆိုင်ရာလူကြီးတွေနဲ့ တရားဝင် ကြေညာ ထားပြီးသားပါ။ ၂ဝ၁၁၊ ၂ဝ၁၂က ရုပ်ရှင်လုပ်ငန်း ပြန်ကြား ရေး ဝန်ကြီးဌာန ကပဲ ဦး ဆောင်ပေး တာပါ။ အခု ဆုပေးပွဲမှာ ပြန်ကြား ရေးဝန်ကြီးဌာန ကသူတို့ ပြထား တဲ့ ရုပ်ရှင်ထူးချွန်ဆုဆိုင်ရာ စံချိန်စံနှုန်းနဲ့ ချီးမြှင့် တာ ဖြစ်တယ်။ ကျွန်တော် ဘာမှကို မသိရပါဘူး။ ပေါင်းပြီးတော့လည်း လုပ်ထားတဲ့ အကွက် မရှိပါဘူး။ ဘုတ်အဖွဲ့မှာ လည်း ပါဝင်တာမျိုး မရှိပါဘူး။
အကဲဖြတ် အဆင့်၃ဆင့်ကပဲ ဦး ဆောင် ရွေးချယ်တာပါ။ တစ်ဆင့် မှာ ၁၇ဦး ပါဝင်ပြီး ၈ဦးက ရုပ်ရှင် လောကကဖြစ်ပါတယ်။ ၃ဆင့်ဆို တော့ ၂၄ဦးပါဝင် တယ်။ ဒီပုဂ္ဂိုလ် ၂၄ဦးကလည်း ကျွန်တော်ဇင်ဝိုင်း ကိုယ်တိုင်စိတ်တိုင်း ကျ ရွေးချယ် ပို့ ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ရုပ်ရှင်လုပ်ငန်းကနေ ဒီထူးချွန်ဆု ချီးမြှင့်တော့မယ်ဆိုပြီး ပြန်ကြားရေး ဝန်ကြီး ဌာနကနေ ဒီဘက် ကိုပြောလာတာကို ကျွန်တော့်ဘက်က လုပ်ပေးတာ။ ဒီဆုပေးပွဲမှာ စိစစ်ပေးနိုင်တဲ့ သရုပ် ဆောင်ဆုပညာရှင်ကြီးများ ထည့် သွင်းပေးပါလို့ ပဲ တောင်းဆိုခဲ့တာပါ။ ကျွန်တော် စိတ်တိုင်းကျရွေးချယ် ပို့တယ် လို့ ပြော တာတော့ မဟုတ်ပါ ဘူး။ တစ်ဖက်ကနေ ကျွန်တော်တို့ ဒီပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်တွေ ဘုတ်အဖွဲ့မှာ ထည့်သွင်း အသုံးပြုထားတဲ့ အတွက် အသိပေး အကြောင်းကြားပေးပါဆို ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ကို စာရောက်လာပါ တယ်။ ဒီပုဂ္ဂိုလ်၂၄ဦးထဲမှာ တချို့က ကွယ်လွန်သွားတာ တချို့က သက်ကြီး ကျန်းမာရေးချို့တဲ့တာ ကြောင့် ဘယ်လိုပုဂ္ဂိုလ်မျိုး အစား ထိုးပေးရမှာလဲ တစ်ဖက်ကို ပြန်ပြီးညှိခိုင်းတယ်။ သူတို့ဘက်က ဝါရင့် သမ္ဘာရင့်တွေ ထည့်ပေးပါ မရှိရင် တစ်ဆင့်လျှော့ပြီး ထည့်ပေးပါ ဆိုတဲ့အတွက် ကျွန်တော်လူပုဂ္ဂိုလ်တွေကိုပဲ အကြောင်းကြားပေးတာပါ။ ဒီလူ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်း ပြီးဒီကားဒီဆု တွေရဖို့ ဖန်တီးဖို့ ဆိုတာမလွယ်ပါ ဘူး။ မဖြစ်တဲ့ကိစ္စပါ။ ဒီဘုတ်အဖွဲ့မှာပါတာ ကျွန်တော်ထက် သက်ကြီးဝါ ရင့်မိဘ၊ ဆရာသမားတွေပါ။ ဒါကို ကျွန်တော်က ဥက္ကဋ္ဌဆိုတဲ့ အမိန့်နဲ့ ကြိုးကိုင်ထား လို့ရပါမလား။ ကျွန် တော်မလုပ်ဘူး။ ပြန်ကြားရေးဘက်က သတ်မှတ်ထားတဲ့ မူဝါဒစည်းမျဉ်း စည်းကမ်းဘောင်အတွင်းကပဲ အကောင်း ဆုံး သမတ်ကျစွာ ဆုံးဖြတ် ပေးခဲ့ကြတာပါ။ ပုဂ္ဂိုလ်စွဲတွေ မပါ ဘူး”လို့ ပြောပြခဲ့ပါတယ်။

“ကျွန်တော် မိဘပြည်သူ ပရိသတ်ကြီးများကို မှန်သော သစ္စာစကား ကို ပြော ချင်ပါ တယ်။ အထင်အမြင်လွဲ တာတွေကို ဖြေရှင်းတယ် ဆိုတာ ထက်၊ အမှန်တရား တစ်ခုကို ပြောပြတာပါ။ ကျွန်တော် ၁၄နှစ်သား အရွယ်မှာ ဒီလောကထဲကို ရောက်လာတယ်။ အောက်ခြေ ရှုတင်သိမ်း အလုပ်သမား ဘဝကနေ အနုပညာ အလုပ်ကို လုပ်လာတာပါ။ ခုဆိုရင် ၃၉နှစ် ၄ဝနှစ် ထဲရောက်ပြီ။ ကျွန်တော်ကို ကျွန်တော် တာဝန်ခံနိုင်တာက ကျွန် တော် ဇင်ဝိုင်းဟာ ဘယ်တော့မှ ရုပ်ရှင် လောကကို သစ္စာမဖောက်ဘူး ဆိုတာ ပါပဲ။

ဒီက နေ့အင်တာနက်ပေါ်မှာ ပြောဆိုနေတဲ့ သတင်းတွေနဲ့ ပတ် သက် ပြီး မိဘပြည်သူ ပရိသတ်တွေ အထင်အမြင် လွဲမှားမှာစိုးလို့ ရှင်းပြချင်တာ ရှိပါတယ်။ ရီမြင့် ထုတ်လုပ်ရေးက ဦးဇော်မြင့်ဟာကျွန်တော့်ကျေးဇူးရှင် ပါလို့ ပြောရင် အလွန်မှန်ပါ တယ်။ ဘာမှန်းဘယ်သူမှ မသိတဲ့ ဘဝကနေ ဇင်ဝိုင်းလို သိလာအောင် ငွေကြေးမြောက် များစွာကုန်ကျခံတဲ့ သင်္ကြန်မိုး ဇာတ်ကားမှာ ကျွန်တော့်ကို သရုပ်ဆောင်ဖို့ ရွေးချယ်တင်ပေးခဲ့တာပါ။ ဒီကျေးဇူးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ကိုဇော်မြင့်နဲ့ ကျေးဇူးတန်းတူ ရှိတဲ့သူတွေ၊ ကိုဇော်မြင့်ထက် ကျေးဇူးရှိတဲ့လူတွေ မြောက်မြား စွာရှိပါတယ်။ ကျွန်တော့်ခံယူချက် သိက္ခာကတော့ ကျွန်တော့်ကျေးဇူ ရှင်များကို လိုအပ်လာရင် အသက်နဲ့ရင်းပြီး ကျေးဇူးဆပ်ပါလိမ့်မယ်။ ဂုဏ်သိက္ခာနဲ့ ရင်းပြီး ဆပ်မည့် လူထဲမှာ ဇင်ဝိုင်းမပါဘူး။ ဇင်ဝိုင်းဟာ အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ ကျွန်တော်ဒီနေရာ၊ ဒီစားပွဲမှာထိုင်နေတာ ကျွန်တော့် လောက သားများကသူတို့ ရဲ့အရေးအရာ ကို လုပ်ပေးဖို့ တောင်းဆိုတာပါ။ သစ္စာရှိစွာနဲ့ လုပ်ပါတယ်။ ကျွန်တော်တစ်ယောက်တည်း ဆရာ လုပ်တာမဟုတ်ဘူး။ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်တာပါ။ ကျွန်တော် အရာ အားလုံး ချုပ်ကိုင်ထားတာမဟုတ်ဘူး။ အထင် အမြင်တွေ မလွဲစေချင် ဘူး။ ပြဿနာတစ်ခုကို တိတိကျကျ အရင်းအမြစ်ကိုမသိဘဲနဲ့ တစ်ဖက်သက် ထိခိုက်အောင် ရေးသားတာမျိုးကခံရတဲ့ လူကမဟုတ်ရင် သူ့မိသားစု၊ သူ့ အသိုင်းအဝိုင်း အတွက် အလွန်နစ်နာပါတယ်။ ကျွန်တော့်ဘဝမှာ တာဝန်ခံနိုင် တာ ရုပ်ရှင်လောကကို ချစ်တဲ့ စိတ်ရှိတယ်။ ကျန်တဲ့ ကိစ္စတွေမှာ တာဝန်မခံနိုင်ပေမယ့် ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ကျွန်တော့် ဘဝ တစ်သက်လုံး သန့်ပါတယ်။ ကျွန်တော့် အဖေရောပဲ ဒီလို ငွေကြေး နာမည်ဆိုး မရှိပါဘူး။ ပြီးတော့ ကိုယ် အောင်မြင်ဖို့အတွက် သူတစ်ပါးကိုခုတုံးမလုပ်ပါဘူး” လို့ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

ထူးထူး

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1