Friday, January 11, 2013

လာလီဂါတွင် ရီးယဲလ်ကို မေ့ထားရန် မဖြစ်နိုင်ဟု မက်ဆီသတိပေး

Ever November | 1/11/2013 02:36:00 PM | Best Blogger Tips

ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီက လာလီဂါ ပြိုင်ပွဲများတွင် ရီးယဲလ်မက်ဒရစ်ကို ဘယ်သောအခါမျှ အင်အားကြီး စာရင်းမှ ဖယ်ရှားလိုက်၍ မရကြောင်း သတိပေးလိုက်သည်။

လက်ရှိ ဘောလုံးရာသီတွင် လာလီဂါ ချန်ပီယံ ရီးယဲလ်မှာ ရုန်းကန်နေရပြီး ဘာစီလိုနာကမူ အမှတ်ပေးဇယားတွင် ရီးယဲလ်ကို (၁၆)မှတ်ဖြတ်ကာ အရှိန်အဟုန် ပြင်းပြင်းနှင့် ဦးဆောင်နေသည်။ သို့သော်လည်း အာဂျင်တီးနား လက်ရွေးစင် မက်ဆီက ရီးယဲလ်သည် ချန်ပီယံဖလားကို လက်လွှတ်လိုက်ရပြီဟု ယတိပြတ် မပြောနိုင်သေးကြောင်း မှတ်ချက်ပြုခဲ့သည်။ ESPNနှင့် အင်တာဗျူးတွင် မက်ဆီက မည်သည့် အခြေအနေမျိုး ရောက်နေသည် ဖြစ်စေ ရီးယဲလ်ကို ချန်ပီယံလောင်း စာရင်းမှ မဖယ်ထုတ်နိုင်ဟု ပြောကြားခဲ့သည်။
"လာလီဂါမှာ ဘာမှ ပုံသေမဟုတ်ပါဘူး။ မကြာသေးခင် နှစ်ပိုင်းလောက်က ရီးယဲလ်ဟာ ကျွန်တော်တို့ရဲ့ ဦးဆောင်မှုကို ချိုးဖျက်ပြခဲ့ပါတယ်။ ဒါက ဥပမာကောင်းပါ။ သူတို့ကို ဘယ်တော့မှ ဖယ်ထုတ်လို့ မရဘူးဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်"ဟု မက်ဆီက ဆိုသည်။ ၎င်းက "ဘာစီလိုနာဟာ ကိုယ့်ရဲ့ အခြေအနေကို အကောင်းဆုံး ဆက်ဖြစ်နေအောင် ကြိုးစားဖို့ လိုပါတယ်။ သက်တောင့်သက်သာ စိတ်မျိုးမွေးပြီး အမှားတွေ ကျူးလွန်ပစ်လိုက်တာမျိုး ဖြစ်လို့ မရပါဘူး"ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1