Friday, January 4, 2013

စင်ကာပူ နိုင်ငံရှိ AUDI ကားအရောင်း ပြခန်း အဆောက်အအုံ ကမ္ဘာပေါ်တွင် အမြင့်ဆုံးကား အရောင်းပြခန်း ဖြစ်လာ

Ever November | 1/04/2013 03:55:00 PM | Best Blogger Tips

စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်း အဆောက်အအုံ များတွင် အမြင့်ဆုံး အဆောက် အအုံတစ်ခု ဖြစ်လာကြောင်း သိရသည်။
အဆိုပါ Audi ကားအရောင်း ပြခန်းသည် စင်ကာပူ နိုင်ငံအမှတ် (၂၈၁) အလက်ဇန်းဒါး လမ်းမပေါ်တွင် တည်ရှိပြီး မြေအောက် ထပ်သုံးထပ်အပါအဝင် စုစုပေါင်းအထပ်ရှစ်ထပ် ပါရှိသည်။ ၄င်းအဆောက်အအုံကို Premium မော်တော်ကားကုမ္ပဏီမှ အမေရိကန် ဒေါ်လာသန်း ၇ဝ အကုန်အကျခံ တည်ဆောက် ထားခြင်း ဖြစ်သည်။
၎င်း Audi ကားအရောင်း ပြခန်းသည် ကမ္ဘာပေါ်ရှိကားအရောင်း ပြခန်းများတွင် အမြင့်ဆုံး အဆောက် အအုံ ဖြစ်ရုံသာမက အဆောက်အအုံမျက်နှာစာကို Audi အမှတ်အသားများပုံစံ အလူမီနီယံကွက်များဖြင့် တန်ဆာဆင် ထားသောကြောင့် အဆောက်အအုံ အတွင်းရှိကားများခင်းကျင်း ပြသထားသည်ကို အပြင်မှ နေ၍ ဖောက်ထွင်း တွေ့မြင်နိုင်သည်။

အဆိုပါ ကားအရောင်း ပြခန်းကို အကျယ်အဝန်းဧရိယာ ၃၃ဝဝဝ စတုရန်း ပေရှိသော မြေပေါ်တွင် တည်ဆောက်ထား၍ ၄င်းအဆောက်အအုံ အထပ်တစ်ထပ်ရှိကားအရောင်း ပြခန်းတစ်ခုတွင် ကားအစီးရေ ၃၅ စီးကျော်ကိုခင်းကျင်း ပြသနိုင်သည်။ ထို့အပြင် အဆောက်အအုံ၌ ကားအသစ်များ ထား ရှိရာ နေရာ အပြင် ကားများကို လာရောက်ဝယ်ယူ ကြည့်ရှုသူများအပန်းဖြေ နိုင်စေရန် နားနေဆောင်များ၊ ကားဝပ်ရှော့ (အလုပ်ရုံ)များနှင့် ရုံးခန်း များလည်း ပါဝင်သည်။

အဆောက်အအုံအထပ်တိုင်းရှိ ကားအရောင်းပြခန်းများဆီသို့ ကားများ အလွယ်တကူ တင်ဆောင် နိုင် ရန် မော်တော်ကားတင် ဓာတ်လှေကား နှစ်စင်းနှင့် လူများအတက်အဆင်း ပြုလုပ်နိုင်ရန် စက်လှေကား တစ်စင်း တပ်ဆင်ထားသည်။ မြေအောက်ထပ်တွင် ကားဆားဗစ် စင်တာ တစ်ခုနှင့် ကားရပ်ရန် နေရာများ ထားရှိထားသည်။ Audiကား အရောင်းအဝယ် ဈေးကွက်တွင် စင်ကာပူ နိုင်ငံသည် အဓိက ကျသော မဟာဗျူဟာမြောက် ဈေးကွက် တစ်ခုဖြစ်ပြီး premium မော်တော် ကားကုမ္ပဏီသည် Audi အမှတ်တံဆိပ် ကားများကို တရားဝင် ရောင်းဝယ်ခွင့် ရရှိထားသော ကုမ္ပဏီ တစ်ခု ဖြစ်သည်။
မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1