မြန်မာ့တပ်မတော် (လေ) ၏ အမှတ်တံဆိပ်
ကဲ……. ပစ္စည်းတွေပြီးတော့ လူတွေဘက် လှည့်ရအောင်။ လေသူရဲငယ်ဘ၀မှာ အရူးထခဲ့တဲ့ ဆောင်ပုဒ်လေးရှိပါတယ်။ “BIRDS FOOL ARE FLY, BECAUSE I FLYIENVYNO MEN ONE EARTH” တဲ့။ သူများထက်ထူးလို့ ပျံနေတာပါပေါ့။ ဒါပေမဲ့ အခုခေတ်မှာ ဒီလိုပျံသန်းမှုမှာ ရူးသွပ်သူတွေ ရှိပါသေးရဲ့လား၊ စားဝတ်နေရေးအတွက် ပူပင်နေရတဲ့အတွက် လေယာဉ်အပေါ်မှာရော ယုံကြည်မှု ရှိပါသေးရဲ့လား၊ စားဝတ်နေရေးအတွက် ပူပင်နေရတဲ့အတွက် လေယာဉ်မောင်းရရင်ပြီးရောဆိုတဲ့ဘ၀မှာ ပျော်ပိုက်နေသူများကို လက်ချိုးရေလို့တောင် ရနေပါပြီ။
မိမိမောင်းရမဲ့လေယာဉ်အပေါ်မှာရော ယုံကြည်မှုရှိပါသေးရဲ့လား၊ Hour 
Extension နဲ့ တက်နေရတာလား၊  မပျံတာကြာပြီဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ 
စစ်ဆေးမတွေ့ရှိနိုင်သော  ချို့ယွင်းချက်များရှိနေသော 
လေယာဉ်မျိုးကိုမောင်းရင်း ပျက်ကျသွားတဲ့ F-7  က ဗိုလ်မှူး 
သန့်ဇော်လင်းလိုအဖြစ်မျိုး ကြုံနိုင်တဲ့ လေယာဉ်မျိုးလား၊  တခုခုဖြစ်ရင် 
ခုန်ထွက်လည်း ခေါင်းပြတ်/လေထီးမပွင့်ပဲ သေနိုင်တဲ့  လေယာဉ်မျိုးလား 
ဒါတွေကို ဆန်းစစ်ဖို့ လိုနေပါပြီ။ မြေပြင်က အင်ဂျင်နီယာအရာရှိတွေမှာလည်း 
လေယာဉ်ဘီးခေါက်မ၀င်နိုင်အောင် တပ်ရမယ့် Pin တပ်/မတပ်  မစစ်ထားသူတွေ၊ 
ပွဲစားလုပ်/ ချဲဒိုင်ကိုင်/ ဘောပွဲလောင်း/  စင်တင်သွားဖို့လောက်ဘဲ 
စိတ်ဝင်စားသူတွေ လေတပ်အလုပ်ကလွဲရင် ကျန်တာအကုန်လုပ်တယ်ဆိုတဲ့သူတွေ 
များလာသလို သက်ဆိုင်ရာ လျှပ်စစ်/ချိန်ခွက်၊  ရေဒီယို/ရေဒါ၊ လက်နက် 
စသောလုပ်ငန်းမှ အရာရှိများကလည်း ဖြစ်လာမှ ဖြစ်သလိုပြင်တာပေါ့ ဟု 
ပေါ့ပေါ့တွေးကာ နေသာသလို နေနေကြသည်မှာ ကြာခဲ့ပါပြီ။
အမှတ် (၇၄) လေယာဉ်မောင်းသင်တန်းဆင်းပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်း
သူတို့ကိုလည်း အပြစ်မဆိုသာပါ။ လေတပ်ထဲ စရောက်ကတည်းက တွေ့မြင် နေရတဲ့  
စက်မှုလက်မှုကျောင်းမှာ ချောင်ထိုးခံထားရတဲ့ နည်းပြများရဲ့  ပျောက်ဆုံး  
ခဲ့သော အိပ်မက် များအကြောင်း၊ သင်ရိုးညွှန်းတမ်း သာရှိပြီး တကယ်မသင်ဖြစ်ပဲ  
ကုန်ဆုံးသွားတဲ့ အချိန်များ၊ မိမိသွားလိုရာတပ်ကို ဆိုင်ရာပိုင်ရာနဲ့  
ကြိုးစားရင် နောက်ဆုံးမှ ဆင်းပေမဲ့ နေရာကောင်း ရောက်နိုင်တာကို  
သိနေရတာတွေကြောင့် လေတပ်ရဲ့ သဘောကို နောကျေနေပေပြီ။ စစ်သည်များကရော…  
လေတပ်ထဲကို ရဲဘော်သစ်ဘ၀မှ စ၀င်ခဲ့ပြီး အဆင့်ဆင့် ကြိုးစား လာသူများအဖို့  
ဟိုပုန်း စက်မှုကျောင်းဆင်း ဒီပလိုမာ တပ်ကြပ်ကြီးများက နေ့ချင်းညချင်း  
ပခုံးချင်းယှဉ်လာခဲ့ပါပြီ။
အဆင့်တိုးမြှင့်ရေးမှာ ဒီပလိုမာ  တပ်ကြပ်ကြီးများသည် အဆင့်တူလျှင် 
ဦးစားပေးဖြစ်သည်ဟု ဆိုလာပြန်ရာ …  အတွေ့အကြုံရှိသော ယခင်ရှိပြီးစစ်သည်များက
 ဘာလုပ်နိုင်ပါမလဲ။ စစ်တပ်ထုံးစံ  အဆင့်ကြီးသူက တာဝန်ယူစတမ်းမို့ 
မသိ/မတတ်လည်း တာဝန်ယူ ပေရော့ပေါ့။  နပိုလီယန်ဟာ 
မြင်းခွာသံတစ်ချောင်းကျွတ်လို့ စစ်ရှုံးသည်ဟု ကြားဖူးခဲ့ပါတယ်။ လေယာဉ်မှာ 
မူလီတစ်ချောင်း ကျွတ်ခဲ့ပါမူ … မတော်တဆများ အဲဒီလေယာဉ်ဟာ 
တပ်ချုပ်ကြီးစီးတဲ့ Mi-17 ဆင်ဖြူတော်ကြီးဖြစ်ခဲ့သော်….  အတွေးဆိုတာ စိတ်ရဲ 
့စေရာ ရောက်လိုရာ ရောက်နိုင်ပါသော်ကော။ ဒီလောက်ဆိုရင်  စစ်တပ်ထဲက 
တကယ့်ဘ၀တွေကို ပြည်သူတွေ သိခွင့်ရပြီး ထူးဆန်းတဲ့ စကားတွေ  ကြားရသလို 
ဖြစ်နေလောက်ပါပြီ။
ရိက္ခာကဒ်ပေါင်ခြင်း၊  လစာကြိုတင်ရောင်းခြင်း၊ Duty အဌားစောင့်ခြင်းစသော 
နည်းလမ်းများဖြင့်  စစ်သည်များ၏ စားဝတ်နေရေး ပြဿနာများကို 
ဖြေရှင်းနေရခြင်းကို  နိုင်ငံတော်အကြီးအကဲဟု ကင်ပွန်းတပ်ထားသူများ သိရှိရန်
 မည်သူမျှ  မတင်ပြရဲပါ။ တပ်ရင်းရံပုံငွေ သိန်းမည်မျှ ရှိသည်၊ 
တပ်သက်သာချောင်ချိရေးအတွက် မည်မျှထောက်ပံ့နိုင်သည်၊ စည်း/ကော်ကိစ္စများ 
မည်မျှအောင်မြင်သည် စသော  လေးလပတ်တိုင်းတွင် မျက်နှာရရန်သာ On Paper Work 
များဖြင့် ဂုဏ်ယူတင်ပြနေကြသော်လည်း တကယ်တမ်းတွင် တင်ပြသည့် ဤဖြစ်စဉ်များ 
အမှန်မဟုတ်ပါ။
တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် K - 8 အမျိုးအစား တိုက်လေယာဉ်များ
အမှားတင်ပြသူ၊ အမှားကို လက်ခံသူနှင့် အမှန်တရားကို မြတ်နိုးသူတို့၏  
လောကကြီးသည် အမှန်တကယ် သာယာနိုင်ပါမည်လော။ တပ်မိသားစုများအနေနဲ့  
ရိက္ခာနှုန်းထားလျှော့ပေးလာမှုကြောင့် ယခင်လို ဈေးမရတော့သလို 
ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လစာကလည်း မလောက်ငနိုင်ကြတော့ပါ၊ 
စည်း/ကော်တွေ  စည်း/ထိန်းတွေရဲ့မူမှာ မိသားစုဝင်တွေ အလုပ်အကိုင်ရရှိရေး  
ဆောင်ရွက်ပေးရန်ဟု ပါသော်လည်း လက်တွေ့မှာ အလုပ်ရှာပေးဖို့ထက်  
အဲဒီအစည်းအဝေးတွေ သင်တန်းတွေနဲ့တင် မိသားစုဝင်တွေမှာ ရှိပြီးသားအလုပ်တောင် 
 ခွင့်ယူရလွန်းလို့ ပြုတ်လုလု ဖြစ်နေကြသူတွေရှိပါသည်။
မိသားစုစစ်ပညာသင်တန်းကစလို့ သင်တန်းပေါင်းစုံကို တင်ပြလို့ကောင်းအောင်  
ဖွင့်နေတာမှာ လူကုန်လို့ ၂ ခါ ၃ ခါမက တက်နေရလည်း ဖွင့်နေဆဲပင် ဖြစ်ပါသည်။  
ဒီဖြစ်ရပ်တွေကို လေတပ်ရဲ့ ခေါင်းဆောင်ပိုင်းကတော့ တစွန်းတစသိလောက်ပါသည်။  
သို့သော်လည်း တပ်ချုပ်ကြီးရဲ့ သားမက်တော် 
ဗိုလ်မှူးချုပ်သိန်းနိုင်ကိုယ်တိုင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှူးအနေနဲ့ 
ရှိနေလေတော့ တပ်မတော်မှာ  အငယ်ဆုံးထဲပါတဲ့ ကိုမြတ်ဟိန်းလည်း 
နိုင်ငံတော်အကြီးအကဲ မျက်နှာညိုအောင်  ဘယ်လုပ်ဝံ့ပါ့မလဲ။ အားလုံး 
ကောင်းပါသည်ဘဲပေါ့။
ဆောင်းပါးရှင် – ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)
photayokeking.org ပြန်ဖတ်ရန်
ဟိုတစ်စ ဒီတစ်စ တပ်တွင်းပေါက်ကွဲသံများ - အပိုင်း (၁)




No comments:
Post a Comment