Saturday, January 26, 2013

ဆီးရီးယားဒုက္ခသည် အပြည်ပြည်ဆိုင်ရာ ညီလာခံ အိမ်ရှင်အဖြစ်ကျင်းပရန် ရုရှားသမ္မတ ကမ်းလှမ်း

Ever November | 1/26/2013 09:33:00 AM | Best Blogger Tips

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့်  ဆီးရီးယားပြည်သူများ၏ အခြေအနေနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မိမိနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြောကြားချက်ကို ဇန်နဝါရီ ၂၄ ရက်က ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဒုက္ခသည် ပြဿနာအတွက် အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ရပ် ဖြစ်ပေါ်စေရန် စီစဉ်မှုကို ကမကထပြုရန် မိမိတို့ အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်က လက်ဘနွန်သမ္မတ မီချယ်ဆူလီမန်နှင့် တွေ့ဆုံစဉ် သမ္မတပူတင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ စိတ်ဝင်စားသည့် နိုင်ငံများအနေဖြင့် ယင်းကိစ္စကို သဘောတူညီခဲ့ပါက မော်စကိုအား ညီလာခံကျင်းပရာ နေရာအဖြစ် အဆိုပြုရန် မိမိတို့ အဆင်သင့်ရှိမည်ဖြစ်ကြောင်း သမ္မတပူတင်က ထပ်လောင်း ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံအတွင်း စစ်ပွဲများကြောင့် ထွက်ပြေးလာသူ ဆီးရီးယားဒုက္ခသည် စုစုပေါင်း အရေအတွက် ၆ဝဝဝဝဝ အထိ မြင့်တက် လာခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ မှတ်ပုံတင်ထားသည့် ဆီးရီးယားဒုက္ခသည် တစ်နည်းအားဖြင့် ဆီးရီးယားနိုင်ငံ၏ အနီးဝန်းကျင် နိုင်ငံများနှင့် အာဖရိက မြောက်ပိုင်းတို့တွင် စာရင်းဝင်ထားသည့် ဆီးရီးယား ဒုက္ခသည် စုစုပေါင်း ၆၁၂၁၃၄ ဦးရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ခဲ့သည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1