မာရီယိုဘာလော့တယ်လီတစ်ယောက်အ်ီတလီပြန်ရန်စိုင်းပြင်းနေပြီဟုသတင်းများက ဖော်ပြခဲ့သော်လည်း
 အေစီမီလန် 
ဥက္ကဋ္ဌ ဆီဗီလ်ယို ဘာလူစကိုနီက မိမိတို့တွင် အီတလီ လက်ရွေးစင် တိုက်စစ်မှူးကို
 ခေါ်ယူရန် ငွေမရှိကြောင်း ပြောကြားလိုက်သည်။
အစောပိုင်းက မီလန်သည် ဘာလော့တယ်လီကို အလေးအနက် ချိတ်ဆက်ခဲ့သည့်နောက် မန်ချက်စတာ စီးတီး ကစားသမားသည် အင်္ဂလန်တွင် ၎င်းငှားရမ်း နေထိုင်သော အိမ်ကိုပင် ပြန်လည် အပ်နှံခဲ့သည်။ ထို့အပြင် အရေးကြီးသော ကိုယ်ပိုင်ပစ္စည်း အချို့ကို အီတလီသို့ ပြန်ပို့ခဲ့သည့်နောက် ဘာလော့တယ်လီတစ်ယောက် အနီနှင့် အနက်ကျား ဂျာစီကို ဝတ်ဆင်ရန် နီးစပ်နေပြီဟု ခန့်မှန်းမှုများ ထွက်ပေါ်လာသည်။ သို့သော်လည်း ဘာလော့တယ်လီက လက်တွေ့ကျကျ ချဉ်းကပ်လျှင် မိမိတို့၌ ဘာလော့တယ်လီအား ဝယ်ယူရန် ဓနအင်အား မပြည့်စုံဟု ဘာလူစကိုနီက ဖွင့်ဟသွားသည်။
အသက်(၂၂)နှစ်ရှိ ကစားသမားအတွက် မီလန်သည် 
အနည်းဆုံး ပေါင်စတာလင် (၂၄)သန်းမျှ သုံးစွဲရဖွယ် ရှိနေသည်။ မီလန်သည် အသင်း၏
 ကစားသမားဟောင်း ဖြစ်သော ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ ရီကာဒို ကာကာကို 
ပြန်လည် ချိတ်ဆက်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည့်တိုင် ဘာလူစကိုနီက 
ယင်းကိစ္စ နှစ်ခုလုံးကို ငြင်းဆန်သွားသည်။ "ကာကာလား၊ ဘာလော့တယ်လီလား။ 
ဟင့်အင်း။ တစ်ယောက်မှ မဟုတ်ပါဘူး"ဟု အီတလီ ဝန်ကြီးချုပ်ဟောင်းက ဆိုသည်။အစောပိုင်းက မီလန်သည် ဘာလော့တယ်လီကို အလေးအနက် ချိတ်ဆက်ခဲ့သည့်နောက် မန်ချက်စတာ စီးတီး ကစားသမားသည် အင်္ဂလန်တွင် ၎င်းငှားရမ်း နေထိုင်သော အိမ်ကိုပင် ပြန်လည် အပ်နှံခဲ့သည်။ ထို့အပြင် အရေးကြီးသော ကိုယ်ပိုင်ပစ္စည်း အချို့ကို အီတလီသို့ ပြန်ပို့ခဲ့သည့်နောက် ဘာလော့တယ်လီတစ်ယောက် အနီနှင့် အနက်ကျား ဂျာစီကို ဝတ်ဆင်ရန် နီးစပ်နေပြီဟု ခန့်မှန်းမှုများ ထွက်ပေါ်လာသည်။ သို့သော်လည်း ဘာလော့တယ်လီက လက်တွေ့ကျကျ ချဉ်းကပ်လျှင် မိမိတို့၌ ဘာလော့တယ်လီအား ဝယ်ယူရန် ဓနအင်အား မပြည့်စုံဟု ဘာလူစကိုနီက ဖွင့်ဟသွားသည်။
"ကျွန်တော်တို့မှာ ငွေကို ဗုံးပေါလအော သုံးလို့ မဖြစ်နိုင်ပါဘူး။ ဒီခေတ်က မိုနိုပိုလီ ကစားရမယ့် အချိန်မျိုး မဟုတ်တော့ဘူးလေ"ဟုလည်း ၎င်းက ပြောကြားသွားခဲ့သည်။
Ref: The Sun
soccer myanmar


No comments:
Post a Comment