Friday, January 18, 2013

အီဂျစ်တွင် ရှစ်ထပ်အဆောက်အအုံ ပြိုကျ

Ever November | 1/18/2013 04:30:00 PM | Best Blogger Tips

အီဂျစ်နိုင်ငံ အလက်ဇန္ဒြရီးယားမြို့တွင် ဇန်နဝါရီ ၁၆ ရက်က အထပ်ရှစ်ထပ်ရှိ အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် အနည်းဆုံး ၂၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနမှ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ အဆောက်အအုံပြိုကျမှုကြောင့် အခြား ၁၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိပြီး အဆောက်အအုံ အပျက်အစီးများ အောက်မှ အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေလျက်ရှိကြောင်း ကျန်းမာရေးဌာနမှ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက်အီလ်ရှာကာဝီက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေး လုပ်ငန်းအား အထောက်အကူဖြစ်စေရန် ရဲတပ်ဖွဲ့က ယင်းဧရိယာကို ဝန်းရံပိတ်ဆို့ထားသည်ဟု ဆိုသည်။ ယခု အဆောက်အအုံ ပြိုကျမှုသည် မကြာသေးသည့် ရက်အတွင်းက အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုတွင် ရထားတွဲချော်ကာ အစိုးရတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆောက်အအုံ ပြိုကျရခြင်း၏ အကြောင်းအရင်းကို မသိရသေးကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။ ခွင့်ပြုချက်မရဘဲယင်းအဆောက်အအုံကို ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး မိုဟာမက် အဘတ်အက်တာက ထုတ်ပြန်ချက် တစ်ရပ်သို့ ပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1