Friday, January 18, 2013

သရုပ်ဆောင်အလုပ် က သူရွေးချယ်လိုက် တဲ့ အလုပ်တစ်ခု မဟုတ်ကြောင်း ပြောပြလာသူ နေတိုး နဲ့ တွေ့ဆုံခြင်း

Ever November | 1/18/2013 05:18:00 PM | | Best Blogger Tips

နေတိုးက သရုပ်ဆောင်ဘက်မှာ ပရိသတ် အခိုင်အမာရရှိ ထားပြီး ဖြစ်သလို၊ သီချင်းတွေကိုလည်း ဖျော်ဖြေပွဲတွေ မှာ အလျဉ်းသင့်သလို၊ သီဆိုပေးတဲ့ အခါ ပရိသတ် အားပေးမှု ကို ရရှိခဲ့ပြန်တဲ့သူ တစ်ယောက်ပါ။ နေတိုး က အနုပညာလောကမှာဇာတ်ကား ရိုက်ကူးမှုတွေ မလုပ်ခင်ကတည်းက သီချင်း တွေကို သီဆိုခဲ့တာလည်းဖြစ်ပါ တယ်။ ဒါ ကြောင့် နေတိုး နဲ့ ပြောဖြစ်ခဲ့ သမျှ အနု ပညာ အကြောင်းတွေကို တင် ဆက်လိုက် ပါတယ်။

မေး - သီချင်းတွေကို တချို့ပွဲတွေ မှာ ဆိုဖြစ်နေတော့ ဘယ်လိုစပြီးဆို ဖြစ် သွားတာလဲ။

ဖြေ -ကျွန်တော် ကအခုမှ သီချင်း ဆိုတာမ ဟုတ်ဘူး။ အရင်က တည်းက သီချင်းခွေ လုပ်ဖူး တယ်။ ကျွန်တော် ရန်ကုန်ကို စရောက်တဲ့အချိန်မှာ အနုပညာကို လည်း ဝါသနာပါတယ်။ ဘယ်လို သင်တန်းမျိုးတွေ တက်ရမလဲဆိုပြီး စဉ်းစားဖြစ်တယ်။ ပန်းချီ၊ အဆို၊ မော်ဒယ်သင်တန်းတွေ၊ ဓာတ်ပုံ သင် တန်းတွေတက်ဖြစ်တယ်။ စာပေနဲ့ ပတ်သက် ပြီး လေ့ လာဖြစ်တယ်။ ငယ်ငယ်တုန်းကဆို ဂီတပေါ် မှာပိုပြီး စီးမျောဖြစ်တယ်။ ရုပ်ရှင်ကျတော့ တစ်ယောက်တည်း ဖန်တီးလို့ရတဲ့ အရာ မဟုတ်ဘူး။ တစ်ယောက် တည်း ဖန်တီးလို့ရတဲ့ အနုပညာဖြစ်တဲ့ ပန်းချီဆွဲတာ၊ တစ်ယောက်ထည်း ဂစ်တာ တီးပြီး သီချင်းဆိုတာတွေ ဝါသနာ အရ လုပ်ဖြစ်တယ်။ ခရစ်ယာန်သူငယ်ချင်းတွေ နဲ့လည်း ဘုရားကျောင်းကို လိုက်သွား ပြီး သီချင်းဆိုတယ်။အနုပညာနဲ့ ပတ်သက်တာတွေကို ထိတွေ့ချင် တယ်။ လွန်ခဲ့တဲ့ ၁၁နှစ်က ကျွန်တော် ‘ရှားလော့ဟုမ်း’ ဆိုတဲ့ သီချင်းခွေမှာ ၂ပုဒ် ဆိုပြီး ပထမဆုံး သီချင်းခွေ ထုတ် ခဲ့တာ။ ကျွန်တော်က ဦးစောနုဆီမှာ အဆို သင်တန်း ၆လ တက်ပြီး သင်တန်းသားတွေ စုပြီး အခွေ လုပ် ကြတာ။ The Trees Band နဲ့ တီးတာ။ အဲဒီတုန်းကဗီစီဒီပါ ထွက်ခဲ့တယ်။

မေး - သီချင်းခွေလုပ်ပြီး သရုပ် ဆောင်ဘက်ကို ဘယ်လို စပြီး လုပ်ဖြစ်သွားတာလဲ။

ဖြေ - ဒီသရုပ်ဆောင်အလုပ်က ကျွန် တော်ရွေးချယ်လိုက်တဲ့ အလုပ်တစ် ခုမဟုတ်ဘူး။ ကျွန်တော့်ကို ပြန်ရွေး ချယ်လိုက်တာ။ ကျွန်တော်မော်ဒယ် သင်တန်းတက်နေရ င်း ကြော်ငြာရိုက် ဖို့လာပြောတယ်။ အဲဒီတုန်းက ကျွန် တော်ဆံပင်အရှည်နဲ့၊ ကြော်ငြာက လည်းဆံပင်အရှည်နဲ့ လိုချင်တာဆို ပြီး ဦးစင်ရော်မောင်မောင်နဲ့ ရိုက် ဖြစ်တယ် ။ နောက် ဗီစီဒီလေးတွေ ရိုက်ရင်းနဲ့ ဒီလောကကို ရောက်မှန်း မသိရောက်လာတယ်။ အဲဒီ အချိန် မှာ ဘေးကနေ သရုပ် ဆောင်လုပ်ဖို့ တိုက်တွန်း တဲ့သူတွေရှိတယ်။ မိသား စု ကလည်း ဇာတ်ကားတွေ ရိုက် ကြည့်ဖို့ပြောတယ်။ အဲဒါနဲ့ သီချင်း မဆိုတော့ ဘဲ သရုပ်ဆောင်လုပ်ဖို့ပဲ စိတ်ကူးဖြစ်ခဲ့တယ်။ သရုပ်ဆောင်လုပ် မယ် ဆို ပြင်ဆင်စရာရှိ တာတွေ လေ့လာမှုတွေကို ၂နှစ်လောက်လုပ် ပြီးမှ ဇာတ်ကားစရိုက်ဖြစ်တာ။ သီချင်းဆိုတာကတော့ ကျွန်တော်က ရွေးချယ် ခဲ့ပေမယ့် ပရိသတ်ဆီကို ထိထိရောက်ရော က် ပေးစွမ်းနိုင်မှု မရှိခဲ့ဘူး။

မေး -သီချင်းတွေလည်း အလျဉ်း သင့်သလို ဆိုဖြစ်နေတော့ သီချင်း ခွေထုတ် ဖို့အစီအစဉ်ကောရှိလား။

ဖြေ - ကျွန်တော့်ကို City FM ကနေ သီချင်းဆိုဖို့လာပြောတဲ့ အချိန်မှာ အလုပ်တွေလည်း ရှိနေတော့ မဆို ဖြစ်ခဲ့ဘူး။ ကျွန်တော့်သီချင်းကို နား ထောင်ဖူးတဲ့ သူငယ်ချင်းတွေက လည်းဆိုဖို့ ပြောပေမယ့် မဆိုဖြစ် ဘူး။ နောက်ပိုင်း အငြိမ့်ကရင်း သီချင်းမဆိုမဖြစ် ဆိုဖြစ်လာတယ်။ City FM က ဦးကြည်မင်းသိန်း တို့က ပြောတာ ၂နှစ်မြောက် တဲ့နှစ် ကျ တော့ ငြင်း မရတော့တာနဲ့ ဆိုဖြစ် ခဲ့တယ်။ ပရိသတ်တွေက အထိုက် အလျောက် အားပေးလက်ခံမှုရှိ တယ်လို့ ကြားတဲ့အတွက် ဝမ်းသာရ တယ်။ ကိုယ်တိုင် ဝါသနာ ပါတဲ့ အလုပ်လေ၊ ကျွန်တော်သီချင်းကို ပရော်ဖက်ရှင်နယ် ပုံစံမျိုး ဆိုဖို့တော့ အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ပရိသတ် အားပေးမှု ရာခိုင်နှုန်းနဲ့ ခံစားမှုတွေက ပြောင်းလဲ မှုတွေရှိ မှာပါ။ ကျွန်တော် အနုပညာအလုပ်ကို တအားလည်း ချစ်တယ်။ အလေးထားပြီး လုပ်တယ်။ ဘယ်အရာကို မှ ပြီးပြီးရော မလုပ်ဘူး။ အဲဒါကြောင့် ဒီစေတနာရဲ့ အကျိုးပြန် ရတယ်လို့ ထင်တယ်။ သီချင်းခွေနဲ့ သီချင်း ဆိုတာကတော့ ပရိသတ် တောင်းဆိုမှု အပေါ်မှာပဲမူတည် တယ်။ သရုပ်ဆောင် အလုပ်က ပရိသတ် ကြိုက်အောင် ဖန်တီးတာ။ သီချင်းကတောင်းဆိုမှု အပေါ် ဖြည့် ဆည်းတဲ့ သဘောပါ။

မေး - သီချင်းတွေကို ဘယ်လိုအမျိုး အစားတွေ ဆိုရတာနှစ်သက်လဲ။

ဖြေ - သီချင်းတွေက ခပ်ကြွကြွပုံစံ မျိုးလေးတွေ၊ တအား ဆူညံနေတဲ့ သီချင်း မျိုးတော့ မကြိုက်ဘူး။ ကျွန် တော်စစချင်းဆိုခဲ့တဲ့ သီချင်းက Slow Rock ပုံစံလေးတွေပေါ့။ ကျွန်တော် သရုပ်ဆောင်တစ်ယောက် ဖြစ်တော့ သီချင်းတွေ က ချိုချိုလေး တွေနဲ့ပိုလိုက်တယ်လို့ ပြောကြ တယ်။ ကျွန်တော်က ပရိသတ်ရွေး ချယ်မှုကို အကောင်အထည်ဖော်ရမယ့် လိုင်းတစ်ခု ဖြစ်နေတော့ ကိုယ့် ဖန်တီးမှုလည်း ပါတော့ပါပါတယ်။ အငြိမ့်ကတုန်းကတော့ Hip Hop ပုံစံ၊မြန်မာသံတွေလည်း ဆိုရတယ်။

မေမွန်မောင်

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1