Friday, January 18, 2013

ကမ္ဘာ့ရေပြင်၌ ပင်လယ်ဓားပြတိုက်ခိုက်မှုများ လျော့ကျသွားခဲ့

Ever November | 1/18/2013 04:36:00 PM | Best Blogger Tips

ကမ္ဘာ့ပင်လယ်ရေပြင်၌ ပင်လယ်ဓားပြ တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသော်လည်း ၂ဝ၁၂ ခုနှစ်အတွင်း ပင်လယ်ဓားပြ တိုက်ခိုက်မှု ၂၉၇ ကြိမ်သာ ဖြစ်ပွားခဲ့ရာ လွန်ခဲ့သည့် ငါးနှစ်အတွင်း ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ကြောင်း နိုင်ငံတကာ ပင်လယ်ရေကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၁၇ ရက်၌ သတင်း ထုတ်ပြန်သည်။ ၂ဝ၁၁ ခုနှစ်က ကမ္ဘာတစ်ဝန်း ပင်လယ်ရေပြင်တွင် ပင်လယ်ဓားပြ တိုက်ခိုက်မှု ၄၃၉ ကြိမ် ဖြစ်ပွားခဲ့မှုနှင့် နှိုင်းယှဉ်လျှင် များစွာ လျော့ကျခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ ခုနှစ်အတွင်း ပင်လယ်ဓားပြတိုက်ခိုက်မှု ၂၉၇ ကြိမ်တွင် သင်္ဘောစုစုပေါင်း ၂၈ စင်း အပိုင်စီးခံရပြီး သင်္ဘောသားခြောက်ဦး သေဆုံးကာ ၅၈၅ ဦး ပြန်ပေးဆွဲ ခံခဲ့ရသည်ဟု လန်ဒန်အခြေစိုက် အဆိုပါ ဗျူရို၏ မလေးရှားဌာနခွဲက သတင်း ထုတ်ပြန်သည်။ ထိုသို့ ဖြစ်ပွားရာတွင် ၂ဝ၁၂ ခုနှစ်က ဆိုမာလီကမ်းလွန်နှင့် အေဒင်ပင်လယ်ကွေ့တို့၌ ပင်လယ်ဓားပြ တိုက်ခိုက်မှု ၇၅ ကြိမ်ဖြစ်ပွားခဲ့ရာ ၂ဝ၁၁ ခုနှစ်က ယင်းရေပြင်၌ ပင်လယ်ဓားပြမှု ၂၃၇ ကြိမ်ဖြစ်ပွားခဲ့မှုနှင့် နှိုင်းယှဉ်လျှင် များစွာ လျော့ကျခဲ့သည်။ ၂ဝ၁၁ ခုနှစ်က ယင်းနေရာတွင် ဖြစ်ပွားခဲ့သည့် ပင်လယ်ဓားပြ တိုက်ခိုက်မှုများမှာ ကမ္ဘာ့ရေပြင် တစ်ခုလုံး၌ ဖြစ်ပွားခဲ့သည့် ပင်လယ်ဓားပြမှု၏ ထက်ဝက်ခန့် ရှိခဲ့သည်။ ပင်လယ်ဓားပြ တိုက်ခိုက်မှုများ လျော့ကျသွားခြင်းမှာ နိုင်ငံတကာ စစ်သင်္ဘောများက ရေကြောင်း ကင်းလှည့်မှု၊ ပင်လယ်ဓားပြများ၏ ပင်မသင်္ဘောများကို တိုက်ခိုက်သိမ်းဆည်းနိုင်မှု၊ အခင်းဖြစ်ပွားရာ နေရာများသို့ စစ်သင်္ဘောများ ချက်ချင်း သွားရောက် တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1