Sunday, January 6, 2013

မန်ယူ ကစားသမားဟောင်း ဖရိုင်ယာစ်ကို စပါးခေါ်ယူမှုတွင် မရိုးသားကြောင်း ဖာဂူဆန်ယူဆ

Ever November | 1/06/2013 01:30:00 PM | Best Blogger Tips

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဇာကီဖရိုင်ယာစ်ကို တော့တင်ဟမ် ဟော့စပါးက ခေါ်ယူမှုအ
တွက် စုံစမ်းမှု ပြုလုပ်သင့်ကြောင်း ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။

အသက်(၂၀)အရွယ် ဘယ်နောက်ခံ ကစားသမား မန်ယူတွင် ရှိနေစဉ်က စပါးအသင်းက ချိတ်ဆက်ခဲ့သော်လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိခဲ့ချေ။ ထို့နောက် ဖရိုင်ယာစ်သည် နည်းပါးသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဘယ်လ်ဂျီယံကလပ် စတန်းဒက်လိဂ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့သည်။ ၎င်းသည် စတန်းဒက်လိဂ်နှင့် (၂)နှစ်သက်တမ်း စာချုပ်ကို ချုပ်ဆိုပြီး (၄)လအကြာတွင် ပရီးမီးယားလိဂ်သို့ ပြန်ရောက်လာခြင်းအတွက် မန်ယူအသင်း မန်နေဂျာကြီးက ဘဝင်မကျ ဖြစ်နေခြင်းဟု သိရှိရသည်။
"စပါးလုပ်ပုံကိုတော့ ကျွန်တော် တကယ် စိတ်ပျက်နေမိတယ်။ အခြေအနေတွေက ပေါ်တင်ကြီး ခြယ်လှယ်နေသလို ဖြစ်နေပါတယ်။ စပါးဟာ ဖရိုင်ယာစ်ကို ပြီးခဲ့တဲ့ ရာသီကုန်က ဝယ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ ညှိမရခဲ့ဘူး။ အဲဒီတုန်းက သူတို့ဟာ ဖရိုင်ယာစ်ကို အတူလေ့ကျင့်ဖို့ ပေါ်တူဂီထိ ခေါ်သွားတယ်။ နောက်တော့ သူ့ကို မဝယ်နိုင်တဲ့အကြောင်း ပြောတယ်။ ဖရိုင်ယာစ်က မကြာခင်မှာ စတန်းဒက်လိဂ်နဲ့ စာချုပ်ခဲ့တယ်။ ခုတော့ ဇန်နဝါရီမှ စပါးကို သူရောက်လာခဲ့ပြီ။ ပရီးမီးယားလိဂ် အနေနဲ့ ဒီကိစ္စမှာ တိတိကျကျ စစ်ဆေးပေးပြီး ရှင်းရှင်းလင်းလင်း မဖြစ်မချင်း ကစားသမားကို စပါးမှာ မှတ်ပုံတင်ခွင့် မပေးသင့်ပါဘူး။ ခုအခြေအနေမှာ မှတ်တမ်းတစ်ခုခုတော့ ရှိနေမယ်လို့ ကျွန်တော် ယုံကြည်တယ်"ဟု ဖာဂူဆန်က ပြောကြားသွားသည်။

စပါးသည် ဖရိုင်ယာစ်အတွက် ချဉ်းကပ်ခဲ့သော်လည်း မန်ယူအသင်း တောင်းဆိုသည့် ပေါင်စတာလင် (၆)သန်းကို ပေးချေရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဖရိုင်ယာစ်ကို ကလပ်အသင်း၏ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွင် အစမ်းသပ်ခံ ပူးပေါင်းရန် ခေါ်ယူခဲ့ပြီးမှ ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဘယ်လ်ဂျီယံတွင် အသက်(၂၃)နှစ်အောက် ကစားသမားများအတွက် ပြောင်းရွှေ့ကြေး ကန့်သတ်ချက်တစ်ရပ် ရှိနေသဖြင့် မန်ယူသည် ဖရိုင်ယာစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁)သန်းမျှသာ ရရှိခဲ့ကြောင်း သိရှိရသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1