Sunday, January 6, 2013

မန်းမြန်မာပလာဇာပေါ်မှ၁၇နှစ်အရွယ်အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

Ever November | 1/06/2013 01:38:00 PM | Best Blogger Tips

မန္တလေးမြို့ရှိ ၂၇-၂၈လမ်း၊၈၄-၈၅လမ်းကြား ၂၅ထပ်ရှိသော မန်းမြန်မာ ပလာဇာ ၁၇ထပ်ပေါ်မှ အသက်၁၇နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ဇန်န၀ါရီ၎ရက် နေ့ လည်၁၁နာရီ၅မိနစ်တွင် ပြုတ်ကျသေဆုံးမှု တစ်ခုဖြစ် ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမိန်းကလေးမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် သဲကုန်းရပ် တွင်နေထိုင် သူတစ်ဦး ဖြစ်ကြောင်းနှင့် ဆောက် လုပ်ရေးလုပ်ငန်းတွင် ပန်းရံ လုပ်ကိုင်သူ တစ်ဦးဖြစ်ကြောင်းနှင့် ၀ဲယာနဖူးပေါက်၊ ညာခြေသလုံးရိုးကျိုး၊ ဘယ်ခြေ ဖ၀ါးပေါက်၊ ခြေမျက်စိရိုး ကျိုးကာ သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ပန်းရံအလုပ်သမများကို မေးမြန်းရာ“ထမင်း စားချိန်မှာသူကအပေါ်ထပ်က အခန်းတစ်ခန်းထဲမှာ ပိတ်မိနေခဲ့တာ ထင်တယ်၊ အဲဒီမှာ တခြားအခန်းတစ်ခန်းကနေအောက်ကို ဆင်းလို့ရတဲ့အတွက် အခန်းကူးတဲ့အခါမှာ အခုလို ပြုတ်ကျသေဆုံးတာလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သတ်၍ အမှတ်၆ရဲစခန်းမှ တာဝန်ယူကာ သေမှုသေခင်း အမှတ်၁/၂၀၁၃ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။
The Myanma Age

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1