Saturday, January 12, 2013

လွှတ်တော် အစည်းအဝေး ကျင်းပနေချိန်အတွင်း စစ်ရေးတိုးမြှင့်ရန် ကေအိုင်အေ ပြင်ဆင်

Ever November | 1/12/2013 03:37:00 PM | Best Blogger Tips

လွှတ်တော်အတွင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ စုံလင်စွာ ရောက် ရှိနေချိန်တွင် ကချင်ပြည် နယ် အတွင်း စစ်ရေးအရှိန်များ တိုးမြှင့်လုပ်ဆောင်သွား ရန်နှင့် မိုင်းထောင်ဗုံးခွဲမှုများ၊ မြို့တွင်းဝင်ရောက် စီးနင်းမှုများ ပြုလုပ်သွားရန် ကေ အိုင်အေ ခေါင်းဆောင်များမှ ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ ဒီသတင်းရတာ တစ်ပတ်လောက်ရှိပြီ။ အစပိုင်းကျွန်တော်တို့ကြား တာကမံစီ၊လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်က ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေကို ၀င်စီးမယ်။ ရထားလမ်းတွေကို မိုင်းခွဲမယ်ဆိုပြီးကြားတယ်။ သတင်းရရခြင်းပဲ တပ်မတော် စစ်ကြောင်းတွေကို ကျွန်တော်တို့လှမ်းသတိပေးလိုက်ပါတယ်။ မနေ့ကတော့ ဖားကန့်နဲ့ ကာမိုင်းဘက်တွေရော၊ မြစ်ကြီးနားအထိ ဖောက်ခွဲမှုတွေလုပ်ဖို့ ညွှန်ကြားချက်ထုတ်လိုက် တယ်လို့ ကျွန်တော်တို့သိရတယ်။ ဒီကာလကတော့ အရမ်းဂရုစိုက်ရတော့မယ် ဆိုပြီး သတင်းရင်းမြစ်က ဆိုခဲ့ပါတယ်။

ကေအိုင်အေအဖွဲ့အနေဖြင့် ကမ္ဘာအနှံ့ရှိ သံရုံးများရှေ့တွင် ဆန္ဒပြခြင်းများ ပြုလုပ်လျှက်ရှိပြီး တစ်ချိန် တည်းမှာပဲ လက်ကျန်အင်အားအကုန်စု၍ ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် တိုက်စစ်ဆင်လျှက်ရှိ သည်ဟုလည်းသိရပါသည်။

အဆိုပါ သတင်းများနှင့်ပတ်သက်၍ တပ်မတော်မှ အရာရှိတစ်ဦးကို မေးမြန်းရာ ကျွန်တော်တို့လည်း သတင်းရပါတယ်။ အခုလည်း နမ်ဆန်းယန်နဲ့လဂျားယန်ကြားရွာတွေမှာ ၀င်မီးရှို့တာတွေကိုသိရတယ်။ လွှတ်တော်အစည်းအဝေးစပြီဆိုတော့ သူတို့အရေးနဲ့ပတ်သက်ပြီး အတိအကျအဖြေထွက်လာအောင် အစိုးရကို ဖိအားပေးတဲ့အနေနဲ့ တိုက်တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့တပ်တွေကတော့ပစ်မှတ် ပုံသေ ထားပြီးပါပြီ။ လိုင်ဇာဌာနချုပ်ကို ချေမှုန်းမယ်ဆိုလဲ ချေမှုန်းလို့ရတဲ့ အနေအထားပါဟု ပြောခဲ့ပါသည်။

နောက်ဆုံးရသော သတင်းများအရ လွှတ်တော် အစည်းအဝေး စတင်သည့်နေ့မှစ၍ ဟိုပင်ဘူတာကြား ရထားလမ်းမိုင်းခွဲခြင်း၊ ရဲစခန်းနှင့် ပြည်သူ့စစ် စခန်းများသို့ လာရောက် ပစ်ခတ်ခြင်း၊ မံစီမြို့နယ်သို့ လက် နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိသည်ဟုသိရပါသည်။
Kachin Daily News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1