အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့် ဆိုက်ရောက်ရပ်နားကွင်းတစ်ခု တည်ဆောက်သွားမည်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ
အဝေးပြေး ၀င်းအတွင်း၌ ခရီးစဉ်အားလုံးအတွက် သီးသန့်အဆင့်မြင့်
ဆိုက်ရောက် ရပ်နားကွင်းတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း အောင်မင်္ဂလာ
အဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းမှ တာဝန်ခံအရာရှိ ဒုတိယဌာနမှူး
ဦး ဥာဏ်ထွန်းအောင်က ပြောပြခဲ့ပါသည်။
အဆိုပါ အဆင်မြင့်ဆိုက်ရောက်ရပ်နားကွင်းအား
Myint & Paing Company Limited မှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး၊
ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခြင်းဖြစ်ပြီး ၆ လအတွင်း
အပြီးသတ် တည်ဆောက်သွားမည်ဟု အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်း
နေထိုင်သူတစ်ဦး က ပြောပြခဲ့သည်။
ယင်းကဲ့သို့ အဆင့်မြင့်ဆိုက်ရောက်ရပ်နားကွင်း
တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ အောင်မင်္ဂလာ အဝေးပြေးဝင်းယာဉ်ရပ်နားစခန်းမှ
တာဝန်ခံအရာရှိ ဒုတိယဌာနမှူး ဦးဥာဏ်ထွန်းအောင်က "အခုလို တည်ဆောက်ရတဲ့
ရည်ရွယ်ချက်ကတော့ ခရီးသည်တွေ စိတ်ချမ်းသာစွာနဲ့ သက်သက်သာသာ
ရှိစေဖို့ အတွက်ပါ။ မိုးတွင်းလိုကာလမျိုးမှာလည်း ကားပေါ်ကဆင်းတဲ့အခါ
လေဆိပ်လိုမျိုး မိုးလွတ်လွတ်ကင်း ကင်းနဲ့ သွားလာနိုင်အောင်လုပ်သွားမှာပါ။
ခရီးကပြန်ရောက်တဲ့အခါမှာလည်း အငှားကားတွေကို
အဆင် သင့်ငှားစီးလို့ရနိုင်အောင် တက်စီဂိတ် ထားပေးထားမှာပါ" ဟု ဆက်လက်ပြောကြားသည်။
အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ဆိုက်ရောက်ရပ်နားကွင်း နှစ်ကွင်းရှိကြောင်း
သိရပြီး ယခုအသစ် တည်ဆောက်မည့်ကွင်းမှာ ဒုတိယရပ်နားကွင်းကို
ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း ၊ အောင်မင်္ဂလာ အဝေးပြေးဝင်းအနောက်ဘက်ရှိ ရန်ကုန်-မန္တလေး ကားဂိတ်အများ စုရှိသောနေရာတွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ထုတ်ပြန်သောစာရင်းများအရ
အောင်မင်္ဂလာ အဝေးပြေး ၀င်းအတွင်း၌ ယာဉ်လိုင်းပေါင်း ၁၂၈ လိုင်းရှိပြီး
တစ်နေ့လျှင် ခရီးသည်ပေါင်း ၇၀၀၀ ကျော်ခန့် ၀င်ထွက် သွားလာနေကြောင်း သိရသည်။
EMG
No comments:
Post a Comment